လူစကားနားမလည်
လူလိုမပြောတတ်၊
လူလိုမကျင့်ကြံ
လူလိုမတွေးတတ်၊
လူရာမ၀င်
လူတောမတိုးတတ်၊
လူဇာတ်မခင်းတတ်တဲ့ အဆုံး
လူလွန်မသားတွေ လုံးလုံးဖြစ်ပေါ့။
လူသားတွေနေတဲ့ တို့မြန်ပြည်
လူသား တစ်ဘ၀စံတွေမင်းလုပ်
လူတွေကို ခွေးကအုပ်ချုပ်ပါပေါ့လား။
လူတူ ခွေးတူ မဟုတ်
လူစင်စစ်က ခွေးစကားပြောတဲ့ ကောင်တွေ
လူစင်စစ်က ခွေးလိုကျင့်ကြံတဲ့ ကောင်တွေ
လူစင်စစ်က ခွေးဇာတ်ခင်းတဲ့ကောင်တွေ
ဟေ့ တစ်ဘ၀စံတွေ ခပ်မြန်မြန်လျှောက် ခွေးမသာလမ်းအရောက် . . .။
သုစံ
ရောင်နီတွေနဲ့ ဒို့အတူ
-
အဲဒီညခင်းလေးမှာ မန်းလေးကို သတိရ.. မြို့မငြိမ်းကို သတိရ.. တချိန်တည်းမှာ
နာမကျန်းရရှာတဲ့ ဘဝဘဝ တွေကို သတိရ... အဲဒါ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့
ရောင်နီ ...
3 months ago
No comments:
Post a Comment