ထားရစ်တော့မလို့လား
နေချည်ဖျားမှာ…
ငါငိုလို့ သာနေပါ့မယ်….
တောင်စဉ်ရေမရနဲ့
အိပ်မက်တွေအဖျားတက်တဲ့ည
မလှမပနဲ့ ပဲ ဇာတ်သိမ်းတော့မှာလား
ဟားတိုက်သာရယ်လိုက်ပါ
ငါ့ကဗျာတွေကာရန်မဲ့နေရင်
ညင်ညင်သာသာပေါ့
လျော့မတွက်နဲ့ ချစ်သူ
လူလူသူသူပြုံးတဲ့လ
ဒီတညပဲသာမှာမို့လို့ပါ
ကမ္ဘာ ဦးပန်းတွေ
စွေတဲ့အလှဲ့ကြရင်
ပြန်လာရင်လာခဲ့ပါ….
ကိုယ်လေ..ရင်ခွင်ပိုက်
သံစဉ်တချို့ နဲ့ 
ကြိုလှဲ့ မယ်…..
ကိုနေ(၁၆.၀၅.၂၀၀၈)
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment