Sunday, February 3, 2008

အယောင်ဆောင်ညနေ

ညနေဆိုတာ ဆည်းဆာအဖြစ်နဲ့လည်း
ပြုစားတတ်တယ်။

ကမ္ဘာတစ်ခြမ်းတော့ နေကြွမ်းခဲ့
အလင်းမအုပ်ချိန်ထိ
အိပ်တန်းဆီပြန်ကြဦးဆို့.

ကြယ်တစ်စင်းနဲ့ ပဲ
ထွန်းလင်းကြည့်ခြင်တယ်..

မြင်တယ် ဆိုရင်ပဲ
ကျေနပ်ပါ တယ်။
အကောင်အထည်ပြစရာ
မလိုဘူး.

ည သည် ဟိုးဝေးဝေးဆီမှာ
ကျန်ရစ်ခဲ့..

နေခြည်ရဲ့ ကိုယ်စား
မှိုင်းပြပြအလင်းတစ်ခုက
မနက်ခင်း ကိုဖန်တီးခဲ့..

လူ့လောကပင်လယ်ပြင်ကျယ်မှာ
ရှင်သန်ဖို့အတွက် မုန်တိုင်းတွေ
လေပြင်းတွေနဲ့ ပွေ့ဖက်…

အညှာမခိုင်ရင်တော့
မင်းဘ၀..ရွက်ဝါအဖြစ်နဲ့
ဝဲလွင့်ရလိမ့်မယ်..

သတိထားပါ…
ညနေဆိုတာ ဆည်းဆာအဖြစ်နဲ့လည်း
ပြုစားတတ်တယ်။

မိုးကြယ်

1 comment:

Kaung Kin Ko said...

အပြုစား မခံရအောင် သတိထားနေတယ်ဗျို့ ။