မှားယွင်းတဲ့…
အခင်းအကျင်းတွေနဲ့
သမိုင်းစာမျက်နှာတွေ
ဒီမှာပဲထားခဲ့လိုက်….
အမှိုက်သရိုက်တွေနဲ့…
လောကကိုလှဲကျင်းဖို့….
ကောင်းကင်က...ဘာကို..
ဖန်ဆင်းခဲ့တာလဲ….
အလဲအကွဲနဲ့…
ငါ့တို့ ရဲ့  ကမ္ဘာ
ဘယ်သူကကယ်တင်မှာလဲ…..
တို့ မျက်ရည်တွေ
ချွေးတွေနဲ့….ခင်းခဲ့တဲ့…
လမ်းကို…
လှမ်းလို့ကောမြင်ရတော့ပါ့မလား..
နံရံကြီးက ကြီးလွန်းလို့…
ဆို့နေတဲ့ ရင်နဲ့….
တစုံတရာကို…ငဲ့ကွက်နေခဲ့ရင်….
ငါတို့ရဲ့  မနက်ဖြန်…
ငါတို့..ပြန်ပိုင်ဆိုင်ရပါ့မလား….
စဉ်းစားကြည့်ပါကောင်းကင်ရာ…
မိုးရွာတော့မှ
ရေခံ ချင်ရင်တော့..
လျှော့ရက်မရှိတဲ့…
လှောင်ချိုင့်ထဲမှာသာ
နေလိုက်တော့….
ကိုနေ(၂၈.၀၂.၂၀၀၈)
ရောင်နီတွေနဲ့ ဒို့အတူ
-
အဲဒီညခင်းလေးမှာ မန်းလေးကို သတိရ.. မြို့မငြိမ်းကို သတိရ.. တချိန်တည်းမှာ
နာမကျန်းရရှာတဲ့ ဘဝဘဝ တွေကို သတိရ... အဲဒါ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့
ရောင်နီ ...
3 months ago
No comments:
Post a Comment