တခါက
ကောင်းကင်ကြီးတခု
ကောက်ရခဲ့တယ်….
ဒါပေမယ့်
သူ့မှာ
တိမ်တွေပါမလာဖူးလေ….
ဒါနဲ့ပဲ
ကိုယ့်ဟာကို
အငွေ့ပျံပြီး ရွာချလိုက်တယ်…
တလောကလုံးကို
အနီရောင်တွေ
ရွှဲလို့….
ကိုနေ
ရောင်နီတွေနဲ့ ဒို့အတူ
-
အဲဒီညခင်းလေးမှာ မန်းလေးကို သတိရ.. မြို့မငြိမ်းကို သတိရ.. တချိန်တည်းမှာ
နာမကျန်းရရှာတဲ့ ဘဝဘဝ တွေကို သတိရ... အဲဒါ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့
ရောင်နီ ...
3 months ago
No comments:
Post a Comment