Tuesday, October 23, 2007

သောက်ချင်လွန်းလို့

တခါက ယုန်နှစ်ကောင် လမ်းလျှောက်ထွက်လာရင်း လမ်းမှာ Scotch Whiskey တစ်လုံးကောက်ရတယ်။ အရက်တော့ သောက်ချင်ရဲ့ အမြည်းမရှိဖူး ဖြစ်နေတယ်။
ဘေးနားက သစ်ပင်မှာ ကျီးတကောင် ဒိန်ခဲ ကိုက်ပြီး နားနေတယ်။
ယုန်နှစ်ကောင်က အရက် ပုလင်းကိုပြပြီး
`ဟေ့… ကိုကျီး အရက်သောက်ချင်လား´

ကျီးက `အား´ လို့ အော်လိုက်တယ်။ ပါးစပ်ထဲကဒိန်ခဲကပြုတ်ကျသွားတယ်။ ယုန်နှစ်ကောင် ကို ကောက်ပြီး ထွက်ပြေးသွားပါကော။

ခဏကြာတော့ ယုန်နှစ်ကောင် ရီဝေေ၀ နဲ့ သစ်ပင်အောကရောက်ပြန်တယ်။ အရက်ပုလင်းကိုပြပြီး ..
`ဟေ့…ကိုကျီး အရက်သောက်ချင်လား …´ ကျီး ကလုံးဝပြန်မဖြေဘူး ။
ယုန်က
`မသောက်ချင်လဲ နေပေါ့ သုံးယောက် မျှ သောက်မလို့ ဟာကို..´
ကျီးက လက်ခံတဲ့ အနေနဲ့ `အား´လို့ ဖြေတယ်။ ပါးစပ်ထဲက ဒိန်ခဲက ထပ်ပြီးလွတ်ကျသွားတယ်။ ယုန်နှစ်ကောင်ကောက်ပြီး ထွက်ပြေးသွားပြန်တယ်။

ခဏကြာတော့ ယုန်နှစ်ကောင် ထပ်ရောက်လာပြန်တယ်။
`အရက်သောက်ချင်လား မျှသောက်မယ်လေ´
ကျီးတုတ်တုတ်မလှုပ်ဖူး
` အဲဒါဆိုလဲ ခင်ဗျားတယောက်ထဲသောက်ဖို့ ပုလင်းထားခဲ့ပေးမယ်´
ကျီးအပျော်လွန်ပြီး အော်လိုက်တယ်။
`အား´ ။

မိုးကြယ်

No comments: