Monday, October 15, 2007

သို့….မင်းကို

သိပ်မဆန်းကြယ်ပါဖူး။ ငါ့ရဲ့ ချဉ်းကပ်မှုဟာ သမာရိုးကျလေးပါ။ မင်းသိရင်လည်း သိခဲ့ပါလိမ့်မယ်။ မင်းက လက်တွေ့ ကျတဲ့ချစ်ခြင်း ၊ သဘောထား ပြည့်တဲ့ နားလည်မှု ၊ တည်ငြိမ် ရင့်ကျက်မှုတွေ နဲ့ လျှောက်လှမ်း ချင်တယ်။ ငါ့ရဲ့ စိတ်ကူးယဉ်ဆန်တဲ့ ၊ သဘောထား သေးတဲ့ ၊ ချစ်ခြင်းတွေကြောင့် မင်းစိတ်ညစ်နေမယ် ထင်ရဲ့ ၊ အရာအားလုံး အတွက်တောင်းပန်ပါလိုက်ပါတယ်။ မင်းကို တခုတော့ သိစေ ယုံကြည် စေချင်ပါတယ်။ မင်းနဲ့ ပက်သတ် သမျှ ငါ့ ရဲ့ ဖြစ်ခဲ့ပြီး ၊ ဖြစ်နေဆဲ ၊ စိတ်ဖြစ်စဉ် တိုင်း အတွက့် ငါ့ ရင်မှာ နင့်….လို့ ။

ကိုဖြိုး

No comments: