တောင်စွယ်နေမကွယ်ခင်
ကွပ်မျက်ခံရတော့မဲ့
ညနေရီက
လေမနှင်ပဲ လွင့်ပါသွားတဲ့
ကောင်းကင်ကြီးကို ကြည့်လို့
ခြောက်ကပ်ကပ်ရယ်နေလေရဲ့။
အမှောင်မလာခင်
တိမ်တဆုတ်လောက်တော့
ပစ်ချပေးခဲ့ပါ။
အဲ့ဒီ တိမ်တွေကို
မိုးရွာခိုင်းချင်လို့
ငါ့ရင်ခွင် ကမ္ဘာမှာ
မိုးခေါင်ခဲ့တာ ကြာပြီပဲ။
အချိန်ရပ်ဝန်းသာ
တစ်ကြော့ပြန်လည်ခွင့်ရရင်
ငါ့ကိုငါ
အရောင်စိုးမိမှာမဟုတ်ဘူးလေ။
မိုးကြယ်
ရောင်နီတွေနဲ့ ဒို့အတူ
-
အဲဒီညခင်းလေးမှာ မန်းလေးကို သတိရ.. မြို့မငြိမ်းကို သတိရ.. တချိန်တည်းမှာ
နာမကျန်းရရှာတဲ့ ဘဝဘဝ တွေကို သတိရ... အဲဒါ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့
ရောင်နီ ...
3 months ago
1 comment:
တောင်စွယ်နေမကွယ်ခင်
ကွပ်မျက်ခံရတော့မဲ့
ညနေရီက
လေမနှင်ပဲ လွင့်ပါးသွားတဲ့
ကောင်းကင်ကြီးကို ကြည့်လို့
ခြောက်ကပ်ကပ်ရယ်နေလေရဲ့။
အဲ့ဒီအဖွဲ့လေး ကြွေတယ်ဗျာ
Post a Comment