ကြယ်တိုက်စားလွန်းလို့
တစ်ခြမ်းပဲ့နေတဲ့လမင်းက
ည၀တ်ရုံခြုံလွှမ်းလို့
ဒီပွဲကိုသူ ဒိုင်လုပ်မယ်တဲ့။
ငါ..တည်ငြိမ်နေမယ်
လေနုသွေးနေချိန်ပေါ့...
မကြာခင် မုန်တိုင်းနဲ့အတူ
ကပွဲဝင်ရဦးမှပဲ….
ငါဆိုတာက..
နေခြည်လောက်တော့
လောကကြီးအတွက်
အရေးမကြီးပါဘူး။
ရာဇ၀င်မှာ ထင်မကျန်ရစ်တောင်
လျှောက်ခဲ့တဲ့ ဒီလမ်း
ခြေရာတော့ ကျန်ရစ်မှာပါ။
မမြင်ရပေမဲ့
ကြားနေရဦးမဲ့ ဒီအသံတွေရေ
ငါ့သမိုင်း ငါရေး..
ငါ့ကျောက်စာ ငါထွင်း..
ငါ့ကိုငါ ဂူသွင်းဖို့
ငါ့ လက်အစုံကို
လောကကြီးထဲမှာ
ချန်ထားခဲ့ပရစေ။။။
မိုးကြယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment