Sunday, January 6, 2008

ဆူးနဲ့ကောင်းကင်

အယောင်ယောင်
အမှားအမှားတော့မဟုတ်ပါဖူး….
ဆူးစူးဖူးတဲ့…ကောင်းကင်မို့…
မိုးစွေမှာ ကြောက်တတ်ခဲ့တာ…
အပြစ်မဆိုပါနဲ့ကွာ….

ခါခါလွမ်းလည်း….
ပန်းတို့ မလန်းတဲ့…လမ်းမှာ….
ငါ…
ရပ်စောင့်နေခဲ့ရတာလည်း..
ကြာခဲ့ရောပေါ့….

ရေမြင့်ပေမယ့်….
ကြာမတင့်ခဲ့တဲ့…
ငါ့ရဲ့…ရင်ကွဲကဗျာ….
အလွှာလိုက် ကြေမွခဲ့တာကတော့..
တသက်တာ….

ကိုနေ(၆.၀၁.၂၀၀၈) ၃း၃၈ am

2 comments:

Chaos said...

ဆူးနဲ့ကောင်းကင်
ကောင်းကင်ထိတောင် တက်ဆူးတဲ့
ဒီဆူး ပေါ့သေးသေးတော့မဟုတ်ဘူး
ဆူး ဆူးဖူးတဲ့ ကောင်းကင်က
ဒဏ်ရာတွေ ပွနေပီလား
ရင်ကွဲကဗျာလေးတောင်
အလွှာလိုက် ကြေမွခဲ့ပီပဲနော်
တစ်သက်သာတော့ မဟုတ်ပါဘူး
တစ်ချိန်ချိန်မှာ
နူးညံ့တဲ့ ဆူးလေးတစ်ချောင်းကို
နှစ်ဝင်ခွင့် မပေးတော့ဘူးပေါ့

Kaung Kin Ko said...

ရေမြင့်ပေမယ့်
ကြာမတင့်ခဲ့တဲ့
ငါ့ရဲ့ ရင်ကွဲကဗျာ
အလွှာလိုက်ကြေမွခဲ့တာတော့
တသက်တာ။

ထိတယ်ဗျာ။