….
ငါတို့အခါခါပြိုလဲခဲ့ပြီးပြီ
နာကြည်းငိုကြွေးသံတစ်ချို့
ငါတို့အပါးမှဖြတ်သန်းသွားခဲ့သည်။
ဥာဉ့်အမှောင်ထုအောက်တွင်
မျက်ကန်းတွေအလား
စမ်းတ၀ါးဝါးနှင့်
အလင်း၏အရသာကို
ငါတို့မွတ်သိပ်ခဲ့သည်။
ငါတို့အပါးမှလေသည်
ခြွေးနံ့၊ သွေးငြှီနံ့ တွေနှင့်
ငါတို့၏ခန္ဓာအား
တစ်စတစ်စ တိုက်စားလာနေပြီ။
ငတ်မွတ် ခေါင်းပါးမှုတွေနှင့်
ပြည့်ကျပ်နေသော
ဤကမ္ဘာတွင်
ငါတို့အခါခါပြိုလဲခဲ့ပြီးပြီ
နေမင်းသည် အနောက်အရပ်မှထွက်ပြု
အရှေ့အရပ်သို့ယွန်းမှသာ
ငါတို့ ပြုံးရယ်နိုင်လိမ့်မည် ထင်သည်။
မိုးကြယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment