သူငယ်ချင်း…
ဒီအိပ်မက်ကို
မင်းတယောက်ထဲပိုင်လို့ရမလား….
မပိုင်ချင်ရင်လဲ…
ဆိုင်တာကတော့ဆိုင်ရဦးမှာပဲ….
ပွဲမပြီးခင်လက်ခေါက်မမှုတ်နဲ့…
အရှုံးရှိရင်တော့…
အပြုံးရှိလာမှာပေါ့…..ဒီလိုပဲပေါ့…
အမုန်းနဲ့ဖက်ပြိုင်ပြီး
ဒီတေးကိုမင်းဆိုငြီးချင်လဲရတယ်….
ကမူးရှုးထိုးနဲ့….
ရှုးသိုးသိုးကြည့်မနေနဲ့…
အတိအကျသာကမ္ဗည်းထိုးခဲ့လိုက်
ဒီညကိုဘယ်သူမှမပိုင်ဖူး….
နှင်းကွဲရင်တော့..နေမြဲမယ်….
အလှည့်ဆိုတာ…နေရာတိုင်းမှာ..ရှိတယ်….
ကိုနေ(၀၃.၀၆.၂၀၀၈)
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
-
*ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေး**ဖက်ဝင်**ပျား**ရည်*
ရှေးလူကြီးများက ပျားရည်ကို “ပန်းပေါင်းတစ်ထောင်” ဟုခေါ်သည်။ ပျားကောင်၏
ခြေချောင်းကလေး ...
4 months ago
1 comment:
အဲဒီအလှည့်ရောက်လာတဲ့အခါမှာ အခုလို မော်ကြွားနိုင်ဦးမလားဆိုတာလဲ စောင့်ကြည့်ရမှာပေါ့ ကိုနေရာ။
Post a Comment