နေ့တနေ့…
ကောင်းကင်တွေကြွေတဲ့နေ့….
လင်းလုအာရုဏ်…
နှင်းတွေမပွင့်ခင်..
ကြွေသက်ခဲ့ရပြီ….
အနှိုင်းမဲ့အရှုံးတွေနဲ့ နေ့တာ..
မရှည်အောင်
ကြိုးစားနေကြစဲ….
ပန်းတွေကြွေ
အလွမ်းတွေဝေလို့….
နေပွင့်တွေလဲ..တစစီကြွေနေစဲ
ရွှေပြည်တော်ရေ..လို့မှ
မျှော်ခွင့်မရလိုက်ခင်..
သြော်…ခုတော့
ဝေးပြီပေါ့
ကိုနေ(၁၉ ဇူလိုင် ၂၀၀၈)
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment