Saturday, July 26, 2008

ကော်ဖီခါးတစ်ခွက်ရဲ့ကောက်ကြောင်း

 

ကျဲပက်ခဲ့ တဲ့မြူတွေကြောင့်ပဲ

ငါတို့တိမ်တွေမည်းနက်ခဲ့ရ..

လေပြေအသုတ်မှာ

ရနံ့တို့ပြိုကျခဲ့ချိန်

ကောင်းကင်မှာ

ခါးသက်သက်ပန်းတွေပွင့်ခဲ့။

 

ဒီလိုနဲ့

ရုန်းကြွပွင့်လန်းလာမဲ့

နေခြည်အတွက်

လျှပ်ပန်းတွေပေါက်ခတ်လို့

တိမ်တွေခွဲအက်ပေးခဲ့တယ်။

 

ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်းတွေအတွက်

မြိန်ရှက်ခဲ့ရတဲ့  ဘ၀တွေမှာ

ဆုတောင်းခြင်းတွေကဘက်မမျှခဲ့ဘူး..

 

ဒါပေမဲ့..

တစ်ချိန်က 

ငါတို့အတူတူ ခါးသက်ခဲ့ဘူးတယ်။

 

မိုးကြယ်

2 comments:

မသက်ဇင် said...

လောကကြီး
နာကျင်မှုတွေ
စွန့်လွှတ်ရမည့် အရာများ
ရွှင်လန်းချမ်းမြေ့ပါစေ...

ကိုရင်ညိန်း said...

အစ်ကိုရေ... ကဗျာတစ်အားကောင်းပါတယ်...
တစ်ခုဗျာ... စိတ်မရှိပါနဲ့ ( ဆရာလုပ်တာမဟုတ်ပါ ) မြိန်ယှက် ဆိုရင် ပိုအဆင်ပြေမလားလို့