ငါ့..အတွေးကိုဖွင့်ကြည့်တော့…
ဗလာ…
ငါ့…ရင်ခွင်ကို ဖွင့်ကြည့်တော့…
ဟင်းလင်းပြင်နဲ့  ကဗျာ…
ဟာတာတာ….
ညအထာကိုလွမ်းနေတုန်း….
အမုန်းနဲ့ထုဆစ်ထားတဲ့အပြုံးကို…
တပ်မက်နေမိတယ်….
အကယ်၍သာ…
ငါ..ကြွေခဲ့ရင်…
အကြင်နာဘယ်မှာလဲလို့..
ဟစ်အော်တမ်းတ…
လှစ်ဟပြတဲ့…
မဲ့ပြုံး တစ်ခု ဆီမှာပဲ…
သဲသဲမဲမဲ..ခစားချင်နေတယ်….
ဒါဟာ တကယ်လို့…
အညို့  ခံဝိညာဉ်ဖြစ်ခဲ့ရင်….
ညှာတာတာ…အခွဲခံမယ့်..အသည်းအတွက်…
ရင်ကွဲလို့ သာနေလိုက်မယ်…..
ကိုနေ(၃၁.၀၈.၀၈) ည ၉.၄၅
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment