Sunday, September 28, 2008

မိုးခေါ်သံ

ချုံးချုံးကျနေတဲ့ည
ခခယယ တောင်းပန်မှ
လမင်းကို အန်ထုတ်ပေးတယ်..

အဲဒါကလည်း လှမ်းမြင်ရုံသက်သက်
ငါဆိုတာကလည်း
မီးစာကုန်နေတဲ့ ပိုးစုန်းကြူးတစ်ကောင်
(ဆီတော့မခမ်းသေး)

လမ်းထွက်လျှောက်မှ ခလုတ်မတိုက်မိအောင်
ခြေမကို သံခမေါက်စောင်းထားပြီး.
ဘာလို့ များ ခေါင်းမမော့နိုင်ရတာလည်း..

မျက်စိအခြင်းခြင်း စောင်းချိတ်ခံရတာတော့
ရင်နာတယ်..
သည်းကြိုးလည်းဖို့ ဆုံးဖြတ်ထားပြီးမှ
ကျန်နေတဲ့ ဖိနပ်တစ်ဖက်ကိုလစ်လျှူရှုထားလိုက်…

မင်းပြောတဲ့ မနက်ဖြန်ဆိုတာ..
ငါ့မှာလည်းရှိတယ် ကွ။

မိုးကြယ်

3 comments:

လင်းဦး(စိတ်ပညာ) said...

မင်းပြောတဲ့မနက်ဖြန်ဆိုတာ
ငါ့မှာလည်း ရှိတယ်ကွ...။

သိပ်မှန်တာပေါ့ ညီရာ။ ကောင်းတယ်။

Chaos said...

မင်းပြောတဲ့ မနက်ဖြန်ဆိုတာ..
ငါ့မှာလည်းရှိတယ် ကွ။

ဟာ
ကြိုက်တဲ့စာသားချင်းတူနေပြီ။
ကိုမိုးကြယ်ရေ အဲ့စာသားလေးက ကြည့်တော့နှစ်ကြောင်းတည်း ဒါပေမယ့် စိတ်ခံစားချက်၊ ခံယူချက်နဲ့ အရှုံးမပေးချင်တဲ့ သင်္ကေတလေးတွေ ပေါ်နေတယ်။

Anonymous said...

ဟားးးး ကိုမိုးကြယ်

ကဗျာဖတ်ပြီး ကြက်သီးတောင်ထမိပါရဲ့ဗျာ၊ ကောင်းလိုက်တဲ့ကဗျာ၊ အသုံးအနှုံး၊ အဖွဲ့အနွဲ့၊ အဓိပ္ပါယ်၊ စာသား အားလုံးက သူ့နေရာနဲ့သူ၊ အပိုအလို မရှိ ကွက်တိ၊ ရင်ထဲကို ညှိသွားတယ်ဗျာ။ လေးစားပါတယ်။ သိပ်ကောင်းတဲ့ကဗျာလေး မို့လို့။

ခင်မင်လေးစားစွာဖြင့်