Friday, October 17, 2008

ထမင်းဆိုင်နောက်မှဘုံဆိုင်များ






ကမ္ဘာကြီးတွင် ဖောဖောသီသီအသုံးပြုနိုင်သော ဘာမှန်းမသိသည့် အရာ၊
အဲဒီဘာမှန်းမသိတာကြီးကိုပဲ အဓိပ္ဗါယ်အမျိုးမျိုးဖွင့်ဆို၊ ခေါင်းစဉ်အမျိုးမျိုး
တပ်ကာ ပျော်ရွှင်ရယ်မောနေကြသလို၊ ရှိုက်ဖိုလွမ်းမောနေကြတာလည်း
အဖုံဖုံ။ ရယူပိုင်ဆိုင်ခြင်းနှင့်စွန့်လွှတ်အနစ်နာခံခြင်း(ပေးဆပ်ခြင်း) စသည်
တို့ ကလည်း ရယ်မောနေသူများနှင့် ငိုကြွေးနေသူများကို အပို်င်းအခြားကန့်
ပေးထားသည်။ အခါတော်ပေးတို့၊ နှစ်ဦးသဘောတူတို့၊ တူနှစ်ကိုယ်ယှဉ်တွဲ
တို့ ရှိသလို ကျန်စစ်သားကိုအတုယူကာ ကျန်ရစ်ဖြစ်သွားရသူတွေမှာလည်း
ဒုနဲ့ဒေး။ ဘာပဲဖြစ်ဖြစ် ကိုယ့်ခေါင်းစဉ်နှင့်ကို၊ ကိုယ့်အဓိပ္ဗါယ်နှင့်ကို အဲဒီ
ဘာမှန်းမသိတာကြီးကိုပဲ ခုန်မင်နှစ်သက်နေကြစဲဖြစ်သည်။

အဲဒီလိုဆိုရင်တော့…

ထာဝရအချစ်၊ မောင်တစ်ထမ်းမယ်တစ်ရွက်၊ ယနေ့မှစနှစ်ပေါင်းတစ်ရာတိုင်
စသည်တို့တွင် ဟင်းကောင်းကောင်းများရတတ်သည်။ စားချင်စရာ ဟင်း
တွေအပြင်အရံဟင်းတွေကလည်းအများသား။ အရံဟင်းတွေနှင့်ပင် ထမင်း
သုံးလေးပွဲလောက်စားလို့ရသည်။ လာစားသည့်သူများကလည်း စုံတွဲတွေသာ
များသည်။ တစ်ချို့ဆို အစစ်တောင်ပါလာသေးသည်။ ဘုစုခရုလေးတွေက
အစ ဘုစုခရုကြီးတွေအထိပေါ့။ ဂိုးသွင်းအပြီး လက်ညိုးလေးထောင်ကာ
ထောင်ကာ အောင်ပွဲခံတတ်သည့်ကမ္ဘာကျော်တိုက်စစ်မှူးများလို မျက်နှာတွေ
ကပြုံးလို့ရွှင်လို့။ တိုက်စစ်မှူးတွေလိုတော့လက်ညိုးမထောင်၊ လက်မပဲ
ထောင်ကာလာကြသည်။ ဒီလိုဆိုင်တွေလက်မလည်အောင်းရောင်းနေရချိန်
တစ်ဖက်မှာတော့..

အေ့…နောက်တစ်လုံးပေးစမ်း၊ အမြည်းလည်းယူခဲ့ဦး…
တောက်.. ရက်စက်လိုက်တာကွာ.. ငါ့အသည်းကိုမှမီးဖုတ်ပြီးထုတ်နဲ့ထိုးရတယ်လို့…
ဟေ့.. မတွေကိုမုန်းလို့ အိမ်မှာမီးသီးတောင်မထွန်းဘူး၊ မီးချောင်းပဲထွန်းတာနား
လည်လား…အေ့..

စသည့် စသည့် စကားသံတွေက မိုးလင်းမိုးချုပ် ဆိုသလို တစ်ဖက်သတ်အချစ်၊
အချစ်ရဲ့ကျေးကျွန်၊ အုံ့ပုံးအချစ်၊ ပေးဆပ်ခြင်းအချစ်စသည့် ဘုံဆိုင်များ၏
ကောင်းကင်တွင်ပျံနှံ့လို့နေသည်။ အလွမ်းသီချင်းတွေကိုလည်းမြိုင်မြိုင်ဆိုင်ဆိုင်
ဖွင့်ပေးကြသည်။ ကြေကွဲစွာနှင့်တိုင်ဖက်ငိုနေသူတွေရှိသလို၊ သီချင်းကို
ကိုယ်တိုင်ဟစ်လိုက်ရမှကျေနပ်သည့် အလွမ်းမင်းသားများကလည်း
ဆိုင်လုံးကျွတ်။ အချစ်ရဲ့သူရဲကောင်းကြီးတွေကလည်း ဒီလိုဆိုင်မျိုးတွေတွင်
ကျက်စားတတ်သည်။အချစ်သူရဲကောင်းဆိုလို့ ဓါးလွတ်ကြီးကိုင် ဟန်ပါပါ
ထိုင်လို့ ရှပ်ကီကိုတဂွပ်ဂွပ်တွတ်နေသူတွေမဟုတ်။ ကြင်နာသူနာမည်ကို
ရင်ခွင်မှာဆေးမှင်ထိုးပြီး ငါ့ရည်းစားသူများနှင့်ညားပြီကွယ်ဆိုသည့်
သီချင်းကို အပ်ကျမက်ကျ မျက်ရည်နှင့်မျက်ခွက်သီဆိုနေသည့်
သူရဲကောင်းကြီးများသာဖြစ်တော့သည်။

ဘလော့ရေးရင်းကောက်ရသောမွေးစားတူမလေးတစ်ဦးမှ တက်ထား၍ရေးလိုက်ရပါသည်။
ရေးသာရေးရသည် ကိုယ်တိုင်တောင်ဘယ်ထဲပါလို့ပါနေမှန်းမသိ။
သေခြာတာတော့သူရဲကောင်းမဖြစ်သေးပါ။
ကဲမီးမီး (September Dream) ရေ အချစ်ဆိုသည်မှာ.. ကို နားလည်သလောက်
ဖွင့်ချလိုက်ပြီ။ ကျေနပ်မယ်လို့ထင်ပါတယ်။

မိုးကြယ်

5 comments:

မသက်ဇင် said...

ကိုမိုးကြယ်ရေ---
အချစ်တွေ --အတွေးတွေ---
လာဖတ်ပါတယ်ရှင်---
အချစ်သူရဲကောင်းတွေ---
လောကကြီးမှာ --များစွာမွေးဖွားပါစေသော်--
ကဗျာ--ဆရာ ပျော်ရွှင်ပါစေ--

Anonymous said...

ညီအစ်ကိုများရဲ့ အချစ်ဆိုသည်မှာက
တော်တော်လေးကို သဘာဝ ကျတယ်ဗျာ ..
လူကိုယ်တိုင် ဘုံဆိုင်ထဲ ရောက်သွားသလိုပဲ .. အဟဲ
ဘာမှန်း မသိပါဘူးဗျာ
ပြောရခက်ပါတယ် ..
ဒါနဲ့ ကို မိုးကြယ်ကြည့်ရတာ ဘုံဆိုင်နဲ့ ရင်းနှီးနေသလိုပဲ အဟီး
နောက်တာပါ :P

တောင်ပေါ်သား said...

ကိုမိုးကြယ်ရေ ကော့မန့်လေးအတွက် ကျေးဇူးအထူးနော့်.. အကိုအချစ်ဆိုတာကလဲ ဟီး အချစ်ဟာ စားသုံးခြင်းလား... ယစ်မူးခြင်းလား အနော့်တော့ သိဘူး နောက်ဆုံးတော့ လွမ်းဆွတ်ခြင်းပေါ့ အချစ်ဒဿနများကို မှတ်သားသွားပါတယ်.. :)

Dream said...

ဟားဟား... ဦးဦးမိုးကြယ် အချစ်အကြောင်းကို လာဖတ်တာ
.... ရယ်ရတယ်...

ဧကန်န ဦးဦးမိုးကြယ် ကြီး
ဆိုင်ထဲမှာ ရှခီတောက်ရင်းရေးထားတာလားမသိဘူး.. ဟီးဟီး
:P :P

အထု ယို ရေးပေးဒဲ့ အတွက်လည်း ချက်တင်ဘာမက်မက်ရေးဂယဲ
ဦးဦးမိုးကျယ်ကျီး ဂိုကျေးချူးပါ.. နော်... ဟီးဟီး...

Anonymous said...

အဟမ်း..အဟမ်း... ဒီမယ် ကိုမယ်ကြိုး(အဲလေ) ကိုမိုးကြယ်......ဘလောဂ့်က စာကြွေးတွေ လိုက်ဖတ်နေရင်း ဒီနေရာကအဖြတ်...ပုလင်းသံ၊ ခွက်သံတွေ ကြားလို့ ကိုယ့်လူများ ရှိမလားလို့ ၀င်ကြည့်ရင်း တစ်ပိုင်းကစ်သွားပါကြောင်း.....။း)