Saturday, October 25, 2008

စက်ရုပ်






လမ်းတော့ရှိတယ်
ခြေထောက်တွေမှာဘီးရှိတယ်..
ခြေရာတွေမှာ လည်း
မျဉ်းကြောင်းတွေရှိတယ်…

မနက်ဖြန်ဆိုတာ ကလည်း
သီဝရီတွေထဲက
ကောင်းကင်တုတစ်ခုကို
စောင်လိုခြုံ ခပ်ကွေးကွေးလိမ့်နေတဲ့
စက်သွားတစ်စုံပေါ့…

သံပတ်ပေးထားတဲ့
နေနဲ့လ
နာရီတွေပေါ်ငုတ်တုတ်
တစ်ဂျုန်းဂျုန်းခုတ်နေတဲ့
ရထားတစ်စင်းပေါ်မှာ
ဘ၀တွေ လွင့်ကာဝဲကာနဲ့
အချိန်တန်တော့လည်း
မိုးစုန်းစုန်းချုပ်ခဲ့ပြန်တယ်..

စက်ရုပ်တစ်ကောင်မှာ
ရင်ဘတ်ရှိတယ်
ခံစားချက်တော့ချို့တဲ့ရှာတယ်..
မီးညှိခံရတဲ့
ရည်မှန်းချက်တွေ
တစ်မြေ့မြေ့လောင်မြိုက်ဖို့အတွက်
ပစ္စုပန် ပျောက်နေခဲ့တာလည်းကြာပေါ့..

မျက်ရည်မရှိတဲ့
ငိုကြွေးချင်းတွေကိုဆင်မြန်း
ခါးသီးချင်းတွေလိမ်းကျံလို့
လက်နှစ်ဖက်ကိုယှက်
မတ်မတ်ရပ်လို့ပြုံးပြရှာတယ်..

မျက်လုံးကတဆင့်
မြင်နိုင်တဲ့နေရာမှာ
မှိတ်တုတ်မှိတ်တုတ်..
ဘက်ထရီကုန်မှ
အခုန်ရပ်သွားမဲ့
နှလုံးသားတစ်ခု..
အခုတော့လည်း ဖုံအလိမ်းလိမ်းနဲ့..

မိုးကြယ်

2 comments:

မသက်ဇင် said...

ျက်လုံးကတဆင့်
မြင်နိုင်တဲ့နေရာမှာ
မှိတ်တုတ်မှိတ်တုတ်..
ဘက်ထရီကုန်မှ
အခုန်ရပ်သွားမဲ့
နှလုံးသားတစ်ခု..
အခုတော့လည်း ဖုန်အလိမ်းလိမ်းနဲ့..

ကိုမိုးကြယ်ရေ----
စက်ရုပ် တဲ့လား---
စက်ရုပ်ကလည်း ဖုံအလိမ်းလိမ်း တက်နေ
ရတယ်နော်---လိုအပ်ရင်သုံးကြတယ်လေ--
အတွေးကောင်းတယ်ရှင်---
ခင်မင်လျက်
မသက်ဇင်

Chaos said...

ဖုံးအလိမ်းလိမ်းနဲ့ နှလုံးသားတစ်စုံကြားက
ထွက်လာတဲ့ ကဗျာမှာတော့ ကာရံတွေနဲ့လှပနေတယ်နော် အစ်ကို