Saturday, October 18, 2008

ဆက်ရန်






သွားချင်သွား လာချင်လာ…
ကမ္ဘာကြီးက ခါးနေပါတယ်ဆိုမှ….
မြည်းစမ်း ချင်နေတဲ့ ကဗျာ…

သူ့ ကိုယ်သူ ကဗျာ ဆိုပြီး…
ဆိုငြီးမှ…ကာရန်ပျောက်နေလို့ပေါ့
(ဒီမှာ) မစို့  မပို့ နဲ့ မိုးတွေရွာနေရတာ

သွားလိုက်ပြန်လိုက်….
ညမိုက် နဲ့ ပြိုင်မမိုက်ချင်လို့…
ဒီခဏအဖို့ (ငါ) အိမ်ပြန်လာတာ….

ညှာညှာတာတာပေါ့…
ရှာဖွေရင်း နှောင်းခဲ့ရတဲ့
ညနေရေ…..

ဟိုမှာဒီမှာပေါ့….
ခဏခဏတွေ့ နေရတဲ့ အရိပ်လေ
ခုပျောက်သွားပြီ….

အရိပ်ပျောက်လိုက်ရှာရင်း….
မမျှော်လင့်ပဲ အတိတ်ပျောက်ကိုတွေ့ 
ပြန်ဆက်ကြည့်လိုက်တဲ့အခါ

ကိုနေ(၁၇.၁၀.၂၀၀၈)

3 comments:

Chaos said...

အရိပ်ပျောက်လိုက်ရှာရင်း….
မမျှော်လင့်ပဲ အတိတ်ပျောက်ကိုတွေ့ 
ပြန်ဆက်ကြည့်လိုက်တဲ့အခါ

အတိတ်ပျောက်ကို ပြန်ဆက်ကြည့်လိုက်တဲ့အခါ
နာကျင်မှုကို ခြေရာခံမိသွားတာလား
ပျော်ရွှင်မှုရဲ့ တစ်ပိုင်းတစ်စကို ခံစားမိတာလား...
မျှော်လင့်တွေရဲ့ အေးစက်စက် ဥပေက္ခာ ပြုတဲ့ဒဏ်ကို ခံလိုက်ရတာလား
ဒါမှမဟုတ် ဘာမှန်းသေချာမသိတဲ့ အဖြေမရှိတဲ့ ကဗျာများလား..........

Anonymous said...

တစ်ခုခုကို သိချင်သွားသလိုပဲ
ကဗျာလေး ကောင်းပါတယ်ဗျာ ..
နောက်ထပ်တွေကို လာဖတ်ဦးမယ်ဗျို့ :)

မသက်ဇင် said...

သွားချင်သွား လာချင်လာ…
ကမ္ဘာကြီးက ခါးနေပါတယ်ဆိုမှ….
မြည်းစမ်း ချင်နေတဲ့ ကဗျာ…

သူ့ ကိုယ်သူ ကဗျာ ဆိုပြီး…
ဆိုငြီးမှ…ကာရန်ပျောက်နေလို့ပေါ့
(ဒီမှာ) မစို့  မပို့ နဲ့ မိုးတွေရွာနေရတာ

ကိုနေရေ---
မစို့မပို့နဲ့ မိုးတွေရွာနေရတာလား--
အတွေးကောင်းပါ့ရှင်---
ကမ္ဘာကြီးကလည်းခါးနေတယ်--
ဟုတ်တယ်--ခါးယုံမက --ဖျားနေတာ--
ခင်မင်လျက်