
အချိန်ပျောက်နာရီ
နားကိုမလည်သေးဘူး…
ရူးသွပ်ခဲ့တဲ့အကြောင်းကို…
နှုတ်ခမ်းအိုတွေများလား….ငါ့နားမှာ…
လမ်းကြားအိုမှာ…
ငိုခဲ့ရတဲ့အကြောင်းကိုမပြောပါနဲ့တဲ့…
လေညင်းကတောင်းဆိုတယ်….
အချိန်ကလဲ
ကမ်းကုန်လမ်းကုန်လန်းခဲ့ပြီးမှတောင်းပန်….
ဓာတ်ခဲကုန်သွားလို့များလား…
ဟောင်းသွားတဲ့လတွေကိုပြန်ပြန်ကောက်ရင်း….
ကြယ်တွေမောနေလို့တဲ့လေ
ဒီလိုနဲ့ပဲ…မိုးသောက်ယံကို မြန်မြန်အလှည့်ပေးလိုက်ရတယ်….
ကိုနေ
5 comments:
ကြိုက်တယ်ဗျာ... ဟောင်းသွားတဲ့လတွေကိုပြန်ပြန်ကောက်ရင်း….
ကြယ်တွေမောနေလို့တဲ့လေ
ဒီလိုနဲ့ပဲ…မိုးသောက်ယံကို မြန်မြန်အလှည့်ပေးလိုက်ရတယ်….
ကျနော်လဲဒီလိုဖြစ်တာများနေပီဗျာ...
အချိန်ကလဲ
ကမ်းကုန်လမ်းကုန်လန်းခဲ့ပြီးမှတောင်းပန်….
ဓာတ်ခဲကုန်သွားလို့များလား…
အဲဒီစာသားလေးတွေက အကြိုက်ဆုံးပဲဗျို့...
အားပေးလျက်..
နွေသူရ
ရင်ဘတ်နဲ့ခံစားသွားပါတယ်...
အားပေးလျက်...
နွေသူရ
သိပ်ကောင်းတဲ့ကဗျာပေပါပဲ ... ကြိုက်သွားတာလေးက
“အချိန်ကလဲ
ကမ်းကုန်လမ်းကုန်လန်းခဲ့ပြီးမှတောင်းပန်….
ဓာတ်ခဲကုန်သွားလို့များလား…”
ဘတ်ထရီအပိုတစ်လုံး မရှိပါစေနဲ့ရယ်လို့ ကြိတ်ဆုတောင်းခဲ့တယ် ညီ။
လမ်းကြားအိုမှာ…
ငိုခဲ့ရတဲ့အကြောင်းကိုမပြောပါနဲ့တဲ့…
လေညင်းကတောင်းဆိုတယ်….
လွတ်ကောင်းဗျာ
ကြိုက်တယ်ဗျို့
ကဗျာလေးတွေ ထပ်လုပ်ပါဦး
ကျနော်က ကဗျာဆိုလို့ကတော့ အသေရရ အရှင်ရရပဲ :)
Post a Comment