
ပေါ့ပါးခြင်းရာသီ
ခန္ဓာကိုယ်ကွေးကြောင်းများပြ
အသက်ရှုတိုင်းဆူပူမှုများအား
လွတ်ချထားခဲ့
ထမင်းတနပ်အတွက်
အိပ်ကပ်တွင်းအစို၊ အခြောက်
ခေါင်းပန်းလည်းမြှောက်ခဲ့ပေါ့။
ငွေတရာနှင့်တရာကြား
ကွာဟမှုကလည်းကြီးမား
တုံးမတိုက်မိသူ
ကျားနှင့်မကိုက်မိသူများ
ဒူးနှံလို့နေရဲ့။
ပျော်သလိုသွားကြစို့ရယ်
စိတ်တွန်းအားများလည်း အင်ဂျင်လိုလည်စေ
ခဏများစွာဟာလည်း တခဏတော့
သွားဦးမပေါ့လေ။
ပန်းသီးတလုံးကို ပုံပြင်လို့ယူဆစို့
ငါတို့သောက်တာက ၀ိုင်ချိုတွေပါ
နှစ်မချို့သေးတာပဲရှိတယ်
ပုံပြင်လို့ယူဆကြစို့။
ခေတ်ကြီးကလည်း အလျားလိုက်စီးတယ်
ကာလကပ်ဘေးကလည်း ပြေးမလွတ်တယ်
လိုက်ခဲ့ကြ..လိုက်ခဲ့ကြ
တခဏဆိုတာလည်း
နေပူထဲက အရိပ်
ချွေးသိပ်စရာတော့ သိပ်မကောင်းပေါ့။
ပေါက်ပြားနှင့်တရွင်း
ကိုယ့်လမ်းကိုယ်ခင်းကြ
ဘယ်နေရာရောက်ရောက်
တံခါးတစ်ပေါက်တော့ရှိတယ်။
ရာသီဟောင်းတထည်ကို
အဟောင်းဆိုင်ပို့
မနက်ဖြန်ဆို ရာသီသစ်တေးဆို
ပျော်သလိုနေသွားကြစို့
ကိုယ့်လူရေ...
ပျော်သလိုလေးပေါ့။
မိုးကြယ်
8 comments:
ပျော်သလိုနေရမယ်တဲ့လား...
နေရတာမပျော်ရက်တွေသိပ်များနေရတော့
ပျော်တယ်ဆိုတဲ့စကားတောင်ခပ်စိမ်းစိမ်းဖြစ်လာပြီ..။
ဒီလိုပဲ ငါတို့ဟာ..ငွေကြေားကွာဟမှုကြားမှာ
ခုတ်မောင်နေရတဲ့ ရထားတွေ...
လောင်စာက အလွမ်းပေါ့...
( အင်း...ကွာဟနေတဲ့ ငွေကြေးပမာဏတောင်လျော့လျော့ လာတော့...
မပျော်တဲ့အထဲမှာ..အဲဒါတွေလည်းပါတယ်..ဆိုတာမျိုး..)
ပျော်သလိုပါပဲကိုမိုးကြယ်ရာ ....
ကဗျာ ကောင်းတယ်ဗျို့ ....
ပျော်သလိုချင်းထပ်တယ်ဗျ ...
ချီးယားစ် ....
(((အိမ်း)))
ပျော်သလိုနေလာတာ ဆယ်စုနှစ်သုံးချီနားကပ်နေပြီ.. ဘ၀တွေက သမင်မွေးရင်း ကျားစားရင်းပဲ..။ ဒီတော့ ငါတို့ သမင်မမွေးတော့ဘူး ငါ့ညီ.. ကျားပဲပြောင်းမွေးကြစို့ကွာ...း)။
မှတ်ချက်။ ကွန့်မန့်ဖတ်ပြီး မကြောက်သွားကြပါနဲ့.. ဗိုလ်အောင်ဒင် အကွက်ဖမ်းလိုက်တာပါဗျာ ဟဲ..ဟဲ။
ပျော်သလိုနေလာတာ ကြာလာတော့ မပျော်တော့သလိုပါပဲ..း)
ခေတ်ကြီးကလည်း အလျားလိုက်စီးတယ်
ကာလကပ်ဘေးကလည်း ပြေးမလွတ်တယ်
လိုက်ခဲ့ကြ..လိုက်ခဲ့ကြ
တခဏဆိုတာလည်း
နေပူထဲက အရိပ်
ချွေးသိပ်စရာတော့ သိပ်မကောင်းပေါ့။
ပေါက်ပြားနှင့်တရွင်း
ကိုယ့်လမ်းကိုယ်ခင်းကြ
ဘယ်နေရာရောက်ရောက်
တံခါးတစ်ပေါက်တော့ရှိတယ်။
ရာသီဟောင်းတထည်ကို
အဟောင်းဆိုင်ပို့
မနက်ဖြန်ဆို ရာသီသစ်တေးဆို
ပျော်သလိုနေသွားကြစို့
ကိုယ့်လူရေ...
ပျော်သလိုလေးပေါ့။
ကဗျာလေးကောင်းလိုက်တာ ညီလေးမိုးကြယ်ရာ..
ပုံပြင်တွေကိုသောက်ပြီး ပျော်သလိုလျှောက်ကြတာပေါ့
ကဗျာထဲမှာတော့ ပျော်နိုင်ပေမယ့် အပြင်မှာ မပျော်နိုင်ဘူး အစ်ကိုရေ။ အလျားလိုက်စီးတဲ့ ခေတ်ထဲ ဒေါင်လိုက်ကူးနေရသလိုပဲ။ ကဗျာဖတ်တဲ့အချိန်လေးပဲ ပျော်ရတယ်။ ကဗျာအတွက် ကျေးဇူးပါ။
မရောက်တာကြာလှပြီ--
ဖွင့်တော့လည်းမရဘူး--ညီအစ်ကိုတို့ရေ---
ကဗျာတွေလာဖတ်တယ်---
အခု ဖွင့်လို့ရတာနဲ့ လာလည်သွားပါတယ်--
ပျော်ရွှင်ပါစေ--
ပျော်သလိုသာ စီးမျောရင်း ရာသီသစ်တေးတွေ ဆိုကြဦးစို့ ကိုမိုးကြယ်ရေ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Post a Comment