
အဲဒီနေ့ကမိုးတွေရွာနေတယ်
မိုးစက်တွေရဲ့ ရင်ခွင်တံခါးခေါက်သံအဆုံး
ချစ်သူရဲ့ နှုတ်ခမ်းပါးမှာ
အပြုံးတို့ တွဲရွဲခိုလို့..
သစ်ရွက်ကလေးတွေရဲ့
ရယ်သံလွင်လွင်တစ်ချို့ကိုကြားရတယ်...
ယုဇနပန်းပင်အောက်
ရင်ခုန်သံခြင်းတီးခေါက်မိတယ်..
ပန်းပွင့်လေးတွေရဲ့
အိပ်မက်ကို တို့နှစ်ယောက်ပိုင်သတဲ့..
အဲဒီနေ့က ပေါ့..
မိုးတွေရွာချနေတယ်..
ကျွန်တော်ဟာ
ချစ်သူပါးပြင်ထက်က သနပ်ခါးလေးဖြစ်တယ်...
မိုးကြယ်
6 comments:
ယုဇနပန်းပင်အောက်
ရင်ခုန်သံခြင်းတီးခေါက်မိတယ်..
နူးညံ့လှပလိုက်တဲ့အဖွဲ့လေးပါပဲညီလေးရေ
ချစ်သူပါးပြင်ထက်က
သနပ်ခါးလေးဖြစ်ချင်တယ်တဲ့လား ...
ကဗျာ ပြန်ဖတ်ရတာ ဝမ်းသာတယ် ကိုမိုးကြယ် ...
မိုက်တယ်...သယ်ရင်းရေ...
ဟိက်ရှားပါး...
နုနေတာ.နုနေတာ..
လှတယ်ရေးထားတာလေး
ဟားဟား... တနပ်ခါးတဲ့...
အဲမှားလို့ သနပ်ခါးတဲ့.. တူ့ကိုတူ.. ရုပ်ကြမ်းကြီးနဲ့နွဲ့နေတာ...
ဖိုးမောင်
ချစ်သူကိုပိုလှစေချင်တယ်ပေါ့ .....
မိုးရွာထဲတော့ မထွက်စေနဲ့နော် .... သနပ်ခါးပျက်သွားအုံးမယ်ဗျ .....
ပျော်ရွှင်ပါစေဗျာ ....
Post a Comment