Sunday, December 2, 2007

တည်မြဲခြင်းရဲ့အခြားတဖက်

မနက်လင်းထဲက
ညမှောင်ဖို့ကိုဆုတောင်းနေခဲ့တာ
အမှောင်မှာ ရှင်သန်ချင်လွန်းလို့မဟုတ်ဘူး
အလင်းရဲ့ညှို့အားကို မခံနိုင်လွန်းလို့ပါ။

ပန်းတပွင့်အဖြစ်ဖူးပွင့်ခဲ့ချိန်ကတော့
ငါ့နားမှာ ပျားပိတုန်းတွေဝဲ၀ဲလည်လို့ပေါ့
ငါကြွေလွင့်ခဲ့ချိန်မှာတော့
နားခိုစရာမြေပြင်ကတောင်
ခြောက်သွေ့အက်ကွဲနေတယ်။

တိတ်တဆိတ်နဲ့ပဲ အထီးကျန်ရင်း
ဘုံဆိုင်ကို အဖော်ပြုလို့
ယမကာနဲ့စီးမျောနေတော့မယ်။

ဒီလိုနဲ့
ငါ့သရုပ်ငါပြန်သုံးသပ်ကြည့်တော့
နောင်တကိုနောင်မှာထားလို့
အမှားကို အမှန်ပြင်ဖို့ရာက
နောက်ကျ လွန်းနေပြီ။

ကျရှုံးခြင်းနဲ့အဆုံးသတ်ဖို့ကိုစောင့်စားနေရင်း
“သံဝေဂ” ဆိုတဲ့တရား
ငါ့နှလုံးသားမှာ ကိန်းဝပ်ခဲ့ပြီ။။။

မိုးကြယ်

1 comment:

Kaung Kin Ko said...

“ငါကြွေလွင့်ခဲ့ချိန်မှာတော့ … နားခိုစရာ မြေပြင်ကတောင်…အက်ကွဲလို့ နေတယ်။”
“ငါကြွေလွင့်ခဲ့ချိန်မှာတော့ … နားခိုစရာ မြေပြင်ကတောင်…အက်ကွဲလို့ နေတယ်။” လှလိုက်တဲ့ အဖွဲ့ လေးဗျာ။