ငါ့ဆီမှာပဲ ပေါက်ကွဲကြ…
ငါ့ဆီမှာပဲ ပျော်ရွှင်ကြ….
ငါ့ကိုပဲ သီကုံးကြ….
ပြီးတော့…
ငါ့ကိုပဲ သံစဉ်တပ်ပြီး…ဆိုငြီးကြ…တီးခတ်ကြ….
ငါဟာ..ခံစားချက်တွေရဲ့….
ဓားစာခံ…တယောက်များလား….
လူသားတွေရဲ့.. ကမ္ဘာကို
ငါရောက်တိုင်း….
ငါ့မှာ..မျက်ရည်တွေနဲ့..
ပေါက်ကွဲသံအစအနတွေကိုပဲ
ပန်ဆင်လာရတာများတယ်…
ဒါပေမယ့်လည်း..
ကမ္ဘာမြေမှာ…
လမင်းမှန်မှန်သာတယ်ဆိုရင်ပဲ
ပျော်ပါတယ်လေ….
ကိုနေ(၃.၁၂.၂၀၀၇) ည ၁၁:၃၇
ရောင်နီတွေနဲ့ ဒို့အတူ
-
အဲဒီညခင်းလေးမှာ မန်းလေးကို သတိရ.. မြို့မငြိမ်းကို သတိရ.. တချိန်တည်းမှာ
နာမကျန်းရရှာတဲ့ ဘဝဘဝ တွေကို သတိရ... အဲဒါ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့
ရောင်နီ ...
3 months ago
No comments:
Post a Comment