Sunday, December 9, 2007

အိပ်မက်ခါး

ရင်ခုန်သံတိုင်းမှာ ခြေရာရှိတယ်ဆိုရင်
ငါ့နှလုံးသားပေါ်ခြေရာ
မင်းများရင်ခုန်ခဲ့တာလား

ပျိုးခဲ့ပြီးမှ မပန်ချင်ရင်
ဝေးခဲ့ပြီးမှတော့
မလွမ်းလောက်တော့ပါဘူး။ ။

အခါခါ
ဒီညတွေထဲ
ထပ်တလဲလဲနဲ့ ဒီအိပ်မက်တွေပဲ
ဝတ်ဆင်နေခဲ့ရတာ…
အိပ်စက်ဖို့တောင် ကြောက်လို့ နေပြီ။ ။

အဲဒီအိပ်မက်ခက်ခက်
ခြောက်နက်နက် တွေကြားက
ရုန်းထွက်ဖို့
မင်းလက်တဖက်တော့
ကမ်းလင့်ပါ။

မိုးကြယ်

No comments: