ဒီဇင်ဘာကတောင်
ဆောင်းကန့်လန့်ကာလှစ်လို့
နှင်းပွင့်ဖွေးဖွေးတွေ
ဖြန့်ကျဲချနေပြီ။
ငါ့အိပ်မက်ပြတင်းတံခါးမှာ
တေးသီနေတဲ့
ငှက်ကလေးတွေရေ
ချစ်သူအတွက်
လက်ဆောင်လေးတစ်ခု
မပေးနိုင်အောင်
ငါ့ “ ခရစ်စမတ်” က
ခြောက်ကပ်လွန်းနေတယ်။
ငါလဲပဲ ဘာမှမရခဲ့ပါဘူး
ဒီအတိုင်းပဲနေခဲ့ပါ
ဆိုက်ပရပ်စ် ပင်ကြီးရယ်
အလွမ်းတွေနဲ့ နှစ်သစ်ကို
မကူးခင်
ကြယ်ရောင်စုံနေတဲ့
ဒီညလေးတော့
“Merry Christmas” လို့
ငါ သီကြူးပါရစေ။
သူငယ်ချင်းများအားလုံးသို့…
မိုးကြယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


1 comment:
ကဗျာ လေးကောင်းတယ် ကိုမိုးကြယ်ရေ၊ ကျွန်တော့် အတွက်လည်း အလွမ်း ခရစ်စမတ်ပါပဲဗျာ။
Post a Comment