ညနေခင်းညိုရီရီမှာ…
လေပြေတွေကလည်း..
ခါတော်မှီ သီခြွေဖို့ ကြိုးစား…
လောကကြီးက
ကံကြမ္မာကိုခါးစောင်းတင်ပြီး..
လှချင်တိုင်းကို..လှနေပါလား….
ခရီးစရိတ်ပေးစရာမလိုတဲ့
ကူးတို့ဆိပ်မှာပေါ့…
အပြိုင်အဆိုင်တန်းစီနေလိုက်ကြတာ…
ညနေခင်းက..
ခဏနေ..သူကြွေရတော့မယ်တဲ့…
သူ့ရင်မှာခိုနေတဲ့..၀တ်ရည်တွေကို…
ကမန်းကတန်းနဲ့..ခါချ…
ဆောင်းပြုစား ခံလိုက်ရတဲ့..
ညနေက..သူ့ရင်တွေမှာ
နှင်းငွေ့တွေ လာလာရှိုက်လို့တဲ့လေ….
လမင်း..အာရုံဦးမှာ..တိုင်တည်ပြီးငိုနေလေရဲ့
ကိုနေ (၉.၁၂.၂၀၀၇)
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
-
*ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေး**ဖက်ဝင်**ပျား**ရည်*
ရှေးလူကြီးများက ပျားရည်ကို “ပန်းပေါင်းတစ်ထောင်” ဟုခေါ်သည်။ ပျားကောင်၏
ခြေချောင်းကလေး ...
4 months ago
1 comment:
ညနေခင်းက...
ခဏနေ...သူကြွေရတော့မယ်တဲ့...
သူ့ ရင်မှာစိုနေတဲ့..ဝတ်ရည်တွေကို
ကမန်းကတန်းနဲ့ ...ခါချ...
ကောင်းလိုက်တဲ့ အဖွဲ့ ဗျ။ ဒီညနေ ကျရင် ကဗျာကို ထပ်ပြီးခံစားကြည့်ဦးမယ်။
Post a Comment