ကောင်းကင်ရယ်
မောဟိုက်နေတဲ့ ငါ့ဝိညာဉ်ရယ်...
တိမ်တွေရယ်...
အဝေးကြီးကိုရောက်ဖူးချင်တယ်...
အနီးအနားမှာ..တစ္ဆေတွေခြောက်လှန့်နေလို့ပေါ့
ပင်ပန်းလွန်းတယ်
နေ့ရယ်ညရယ်လေ...
တလှည့်စီ..မောင်းနှင်နေလို့ပေါ့
ဟိုး..မှာ....
အပြာရောင်ကောင်းကင်ရယ်ပင်လယ်ရယ်...
ငါကတော့..ဒီနံရံတွေကြားမှာတယောက်တည်း
ကြွေကွဲနေလည်း...
ငါ့မျက်ရည်တွေက..ငါ့ကိုပဲတိုက်စားနေဦးမှာ
အိပ်မက်ဦးမှာမြင်နေကျ..
မင်းရဲ့ ပုံရိပ်လေးတောင်
ခုတော့လည်း...မှောင်ထဲမှာပဲ..အရောင်လွင့်တော့မယ်..
ကိုနေ(၂၁.၁၂.၂၀၀၇)
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment