Friday, December 21, 2007

နှုတ်ဆက်ချိန်

ကျောက်ဖြစ်ရုပ်ကြွင်း
သံယောဇဉ် ၀ိုးတိုးဝါးတားလေးတွေနဲ့
ယောင်ယောင်ခေါ်တတ်တဲ့
ဆောင်းတွင်းအိပ်မက်လေးတွေ
ခုတော့လည်း….
ရေစီးကမ်းပြို။

မျှော်လင့်ချက် တနင့်တပိုးနဲ့
ခရီးထွက်ခဲ့တဲ့……ငါ
အတ္တနဲ့ နှလုံးသားကြားက
မချေငံမှုတွေကြောင့်
လက်နက်ချ အလင်းဝင်ခဲ့ရပြီ…။

ငါ…..ဆိုတာလည်း
ထားခဲ့ရက်လို့ ထားခဲ့တာတောင်
လွမ်းစရာ လောက်လောက်ငှငှ
မရှိတဲ့ကောင်ပါ….။

နင်….ဆိုတဲ့
မိန်းမ တစ်ယောက်အတွက်
ပတ်သက်ခဲ့ဖူးတဲ့ ဖုန်းနံပါတ်နဲ့
အ၀ါရောင်လမ်းက မိုးရေထဲမှာ
ငါ့….ရင်ဘတ်ကို ချထားခဲ့….။ ။

လင်းအေးလူ

No comments: