ညီညာမှု ပြေပြစ်မှုတွေနဲ့
ဝေးကွာနေဆဲ
ကောက်ကွေ့စွာနဲ့ပဲ
စီးဆင်းနေရတယ်။ ။
အရောင်အဆင်းကင်းလွန်းလို့
လောကကြီးကတောင်
ငါ့ဘ၀ကို ငါ့ဆီက
ခွာချနေပြီ။ ။
ဒီသွေ့ခြောက်ခြောက်
အထီးကျန်ရပ်ဝန်းမှာ
သံယောဇဉ်မိုးတော့
တစ်ပြိုက်နှစ်ပြိုက်ရွာပါရဲ့
ငါ့ရင်မှာ
အလွမ်းတွေပဲ
ဗွက်ထကျန်ရစ်တယ်။ ။
မျှော်နေဆဲ
ရောက်မလာနိုင်သေးတဲ့လေပြေရေ
လှမ်းလာရင်
ငါလည်းလမ်းကြုံလိုက်ပါရစေ
မာန၀တ်ရုံကိုခွါချလို့
အတ္တဖိနပ်တစ်ရံကိုလဲထားခဲ့မယ်။ ။
အချိန်တန်ရင်နင်နှင်စရာမလိုပါဘူး
ငါ့ဘာသာပဲ လွင့်ပါးလိုက်ပါ့မယ်။ ။
မိုးကြယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment