Wednesday, December 26, 2007

မျက်နှာကျက်များ

ငါ့ကို မိုးထားတဲ့
မျက်နှာကျက်များ…

သူတို့ဆီတွန်းပို့ခဲ့တဲ့
မျက်နှာကျက်များ…

ကိုယ့်ကိုကိုပြန်ဝါးမြိုထားတဲ့
မျက်နှာကျက်များ…

မျက်လုံးပေါင်းများစွာနဲ့
မျက်နှာကျက်များ
ပြုံးနေ ၊ ငိုနေ ၊ မဲ့နေ၊ ရယ်နေတဲ့
မျက်နှာကျက်များ

အဲဒီမျက်နှာကျက်တွေနဲ့
ဝေးရာဆီပြေးထွက်ခဲ့ပေမဲ့

ကြယ်ရောင်စုံခြယ်မှုန်း
အဆုံးမရှိနိုင်တဲ့
ကောင်းကင်မျက်နှာကျက်ကြီးက
ငါ့ကို အုပ်မိုးထားဆဲပါ။

မိုးကြယ်

No comments: