ပန်းတွေရဲ့ရယ်သံကြားမှာ
နေခြည်ရဲ့ ခြေသံကို
ငါကြားနေရတယ်။
အေးခဲတဲ့ အငွေ့အသက်နဲ့
လောကကြီးတစ်ခုလုံး
ဆောင်းနှင်းတွေဖုန်းနေပြီ။
တစ်နေ့ကနဲ့ နက်ဖြန်ကြားမှာ
ငါပျော်ဝင်ရင်း
အိပ်မက်တွေရဲ့ ခေါ်သံနောက်
လျှောက်လိုက်နေမိတယ်။
အေးစက်တဲ့ရာသီမှာ
ရင်ခုန်သံတွေကော အေးစက်သွားမှာလား
ထင်ယောင် ထင်မှားနဲ့
အထီးကျန်ညတွေကိုဖြတ်သန်း
အလွမ်းတွေနဲ့ ပဲမှေးစက်နေရတယ်။
ငါ့အိပ်မက်တွေရယ်
မနက်ခင်းတစ်ခုအဖြစ်သာ
နိုးထခွင့်ရပါ
အဲ့ဒီ မနက်ခင်းလေးကိုပဲ
နွေဦးမှာဖူးပွင့်ခဲ့ပါရစေ။
မိုးကြယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment