မီးရောင်စုံကြားကအပြုံးလက်လက်တွေ
ဆွဲအားပြည့်ရနံ့တွေနဲ့
တအိအိပြိုဆင်းလာတဲ့
ဂီတသံအပိုင်းအစတချို့
ရွှေအိုရောင်ဝိုင်တစ်ခွက်နဲ့
လင်းစက်လှပနေတဲ့
နှုတ်ခမ်းတစုံ….
ငါ့အတွက်တော့
ယိုင်နဲ့နဲ့ကလောင်တံနဲ့
ဆွေးမြေ့မြေ့ကဗျာတပုဒ်သာ
ဒီညတော့
တမ်းတမိတယ်..
မိုးကြယ်
ရောင်နီတွေနဲ့ ဒို့အတူ
-
အဲဒီညခင်းလေးမှာ မန်းလေးကို သတိရ.. မြို့မငြိမ်းကို သတိရ.. တချိန်တည်းမှာ
နာမကျန်းရရှာတဲ့ ဘဝဘဝ တွေကို သတိရ... အဲဒါ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့
ရောင်နီ ...
3 months ago
1 comment:
ယိုင်နဲ့နဲ့ ကလောင်တံနဲ့
ဆွေးမြေ့မြေ့ကဗျာတစ်ပုဒ်
ပြင်းရှရှ ၀ိုင်ချိုတစ်ခွက်နဲ့
နူးညံ့ညံ့ ရီသံလေး
အေးမြမြလက်လေးတစ်စုံနဲ့ဆို
ညကဗျာလေး အသက်ဝင်လာမယ်နော်
Post a Comment