မိုးတွေကြွေနေသတဲ့လေ…
တယောက်ထဲပဲ ချစ်သူ….
နေတွေလောင်နေသတဲ့လေ…
တယောက်ထဲပဲ ချစ်သူ….
တိမ်တွေဆီရောက်တုံးက…
အငှါးချခဲ့တဲ့…ငါ့ဝိညာဉ် ပြန်ရောက်ပြီလား…မသိ…
ညနေဆီမှာ…ငါ မျက်ရည်မပါပဲ….
ငိုငို နေရတာ ကြာပြီ….
ကောင်းကင်ကြီးတောင်…
ပေါက်နေသတဲ့လေ…
သူတို့…ပြုစားလိုက်တာ…..
ဒါပေမယ့်…
ငါ့ နှလုံးသားကတော့….
နှင်းဆီ ပြုစားခံရလို့ပေါက်သွားတာ…ထင်ပါ့…
နှင်းဆီနီနီ…ရင်တွင်းဆီမှာ…
တသက်တာမဟုတ်တောင်….
မျက်တောင် တစ်ခတ်….
မှေးစက်ခွင့် ရရင်…
သက်ရင် ကြွေတောင်
ကျေနပ်တယ်….
ကိုနေ(၁၀.၀၁.၂၀၀၈)
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment