အသက်ငွေ့ငွေ့သာကျန်တော့တဲ့
မြစ်တစ်စင်းရဲ့ ငိုညဉ်းသံ
ကြိုးမဲ့နေတဲ့ မိုးတိမ်တွေ
ဟိုတစ်စ ဒီတစ်စ
မညီညာကွေ့ကောက်နေတဲ့
နေခြည်ရဲ့ စီးကြောင်းတွေ
မြေပြင်ပေါ် ၀ပ်ဆင်း
ပန်းတို့မပွင့် နိုင်သေးတဲ့
မျဉ်းပြိုင်နှစ်ကြောင်းရဲ့
ဒဏ္ဍာရီ
ရီဝေငွေ့လျော်နေတဲ့
ပြက္ဒ္ခဒိန် ရက်စွဲတို့
အိုဟောင်းချိန်
အနောက်ရပ်ဝန်းမှာ
မိုးတွေညို့ နေပြီ။
တေးသွားတွေခြောက်ကပ်
ကာရံတွေထပ်နေတဲ့
ငါ့မျက်ဝန်းကဗျာလဲ
ပျက်သုန်း ပျောက်ဆုံးခဲ့ပြီ။
မိုးကြယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment