အမှောင်ထုဟာ ၀ပ်တွားရာကနေ နိုးထလာခဲ့ပြီ
ပျော့ပြောင်းတဲ့ လက်အစုံနဲ့အတူ
ကြယ်တွေကိုခူးဆွတ်ဖို့
သူ..ကကြိုးသီနေပြီ။
လှိုက်ဖိုလွှမ်းမောနေတဲ့ တေးသွား
တစ်ငြိမ့်ငြိမ့်စီးဆင်းနေဆဲ
သူ့..နှုတ်ဖျားကနေ
အစိမ်းရောင် ကဗျာတစ်ချို့ပြိုကျ။
လမင်းရဲ့အလင်းရောင်ကြား
ယိမ်းနွဲ့စွာ သူ..လှုပ်ရှား
ကကွက်တစ်ခု သူ..ဖန်တီးရင်း
တမ်းချင်းတစ်ချို့ သူ..ချန်ထားခဲ့တယ်။
ကျွန်တော်တို့ရဲ့ နားတွေစွင့်ထားရအောင်
အဲ့ဒီ တမ်းချင်းတစ်ချို့ နဲ့အတူ
လေပြေဟာ ငိုကြွေးရင်း
ခင်ဗျားတို့ အပါးရောက်လာလိမ့်မယ်။
သူ..ပြောပါတယ်…
ပန်းတွေ မပွင့်သေးဘူးတဲ့…။။
မိုးကြယ်
ရောင်နီတွေနဲ့ ဒို့အတူ
-
အဲဒီညခင်းလေးမှာ မန်းလေးကို သတိရ.. မြို့မငြိမ်းကို သတိရ.. တချိန်တည်းမှာ
နာမကျန်းရရှာတဲ့ ဘဝဘဝ တွေကို သတိရ... အဲဒါ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့
ရောင်နီ ...
3 months ago
No comments:
Post a Comment