ဧရာဝတီ | ဇန်နဝါရီ ၁၁၊ ၂၀၀၈
ပျဉ်းမနားမြို့ပေါ်ရှိ နေပြည်တော်ဘူတာတွင် ယနေ့နံနက် ၄ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသမီးတဦး သေဆုံးသွားကြောင်း သိရသည်။
နေပြည်တော် ဘူတာရုံတွင် ဗုံးပေါက်ကွဲခြင်း မှန်ကန်ကြောင်းကို နေပြည်တော် အမှတ် (၃) ရဲစခန်းမှ ဧရာဝတီသို့ အတည်ပြုပြောကြားလိုက်ခြင်း ဖြစ်သည်။
ထိုသို့ ဗုံးပေါက်ကွဲမှုကြောင့် နေပြည်တော်ဘူတာရှိ အိမ်သာပြိုကျသွားကြောင်း ဒေသခံ တဦး၏ ပြောပြချက်အရ သိရသည်။
ယခုအခါ ၎င်းဘူတာရုံတွင် လုံခြုံရေးများ တင်းကျပ်စွာချထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျှက်ရှိကြောင်းသိရသည်။
မှတ်ချက်။ ။www.irrawaddy.org/bur မှ ရယူပါသည်။
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment