ကမ်းလင့်မယ့်လက်တွေ
အင်အားမဲ့နေမှာလား
မရေရာ ၀ိုးတ၀ါးပါပဲ။
ခပ်ပါးပါး ဒီအနာဂါတ်
အခုထက်ထိ
ရောင်ဝါးဝါးပဲလား။
လေထုထဲက ငိုရှိုက်သံတွေ
နက်သထက်နက်လာတဲ့
ချောက်ကမ်းပါးတွေနဲ့
ဒီလမ်း
ဘယ်တော့မှဖြောင့်ဖြူးမှာလဲ။
ပြန်လာမယ့် ခြေလှမ်းတွေအတွက်
နားခိုစရာ ဘယ်မှာလဲ။
သန်းခေါင်ယံကြီးစိုးနေတဲ့
အမှောင်ထုအောက်က
ပြိုလဲနေတဲ့ နေခြည်တွေကို
ထမ်းပိုးရင်း…
ရွှေပြည်တော်ရယ်
မျှော်တိုင်းဝေးနေပါရောလား ။
မိုးကြယ်
ရောင်နီတွေနဲ့ ဒို့အတူ
-
အဲဒီညခင်းလေးမှာ မန်းလေးကို သတိရ.. မြို့မငြိမ်းကို သတိရ.. တချိန်တည်းမှာ
နာမကျန်းရရှာတဲ့ ဘဝဘဝ တွေကို သတိရ... အဲဒါ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့
ရောင်နီ ...
3 months ago
No comments:
Post a Comment