လေညင်းကမေးတယ်…
မုန်တိုင်းတွေသည်းနေတုန်းလားတဲ့…
သည်းတော့မသည်းတော့ဖူး…
ဒါပေမယ့်လဲ စဲအုန်းမယ်မထင်ဖူး….
တယောက်ကမေးတယ်…
ရွှေဖြစ်ရ တဲ့ ဒုက္ခကဘာလဲတဲ့….
အင်း…အရောင်တ၀င်းဝင်းနဲ့..ဂုဏ်ရှိသလိုလိုဘာလိုလိုပေါ့…
ဒါပေမယ့်..အစဉ်မသင့်ရင်တော့…အရည်ကျိုခံထိမှာပေါ့
……………
အမှောင်ဆုံးညမှာ…
မမက်ရဲရဲ မက်ရဲရဲနဲ့…
အိပ်မက်တပုဒ်ကို…
မက်နေရသလိုပဲ….
မနက်ဖြန်တွေ…
သေချာခြင်းနဲ့…
စတင်မှာလား…
မရေရာခြင်းနဲ့ စတင်မှာလား….
ကြေမွသွားတဲ့…
ငါတို့ရဲ့  မနေ့က နာရီတွေမှာ….
ကြယ်တွေကလည်း
တဖြုတ်ဖြုတ်နဲ့ ကြွေလို့…
ကဲ…နေတော့ဝင့်နေပြီ….
ငါတို့ရဲ့  နေ့သစ်တွေကို
ရွှေခွက်နဲ့ ခပ်မှာလား…
လေခွက်နဲ့ ခပ်မှာလား
ကိုနေ(၂၂.၀၃.၂၀၀၈) ည ၉း၂၁
ရောင်နီတွေနဲ့ ဒို့အတူ
-
အဲဒီညခင်းလေးမှာ မန်းလေးကို သတိရ.. မြို့မငြိမ်းကို သတိရ.. တချိန်တည်းမှာ
နာမကျန်းရရှာတဲ့ ဘဝဘဝ တွေကို သတိရ... အဲဒါ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့
ရောင်နီ ...
3 months ago
No comments:
Post a Comment