ဒီညတော့အိပ်မက်မယ်မထင်ဖူး…..
အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ခဲ့ရတဲ့…
အလှဲ့ ကျ အပြုံးတွေကခြောက်လှန့်နေလို့ပေါ့လေ……
အခြေမဲ့အနေမဲ့တော့
မဟုတ်ဘူးပေါ့….
(မင်းကို)လျှော့တွေးခဲ့တာတော့….
(ငါ့)အပြစ်ပေါ့
မငေါ့ပါနဲ့…
ငါ့အပြုံးရဲ့ ရဲ့ တွေကို
ချိုချိုသာပဲခွဲလိုက်ပါ…
အသဲကွဲကဗျာ….
လာမလိုလိုဘာလိုလိုနဲ့….
ညိုတိုတိုမိုးပြေးကလဲ…တမှောင့်….
အနှောင့်အယှက်တော့မပေးနဲ့လေကွယ်
အလည်က…ဟိုလူကြီးရေ….
ဒီအိပ်မက်လောက်တော့..
(ခင်ဗျား)အပျော်တမ်းမက်ချင်လဲမက်ပေါ့…..
ကိုနေ(၁၈.၀၆.၂၀၀၈)
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment