အဲဒီကြူးရင့်ခြင်းတွေကြောင့်ပဲ
ငါ့နားရွက်တွေ ခြောက်ခြားခဲ့ရ။
သွက်သွက်ခါစကားလုံးတွေ
ပျို့ အန်ချဖို့က
ငါ့ပါးစပ်ကိုဆီထည့်ဖို့လိုတယ်။
ရနံ့ တွေပေးခဲ့ပေမယ့်
စေးကပ်ကပ်နိုင်လှတဲ့
ငါ့နှာခေါင်း ကဘာကိုမှ မမြင်ဖူး။
(ကြားလည်းမကြားဖူး)
ငါ့လက်တွေကိုခေါင်းအုံးဖို့
ယူသွားပြီးမှ
အပေါင်ဆုံးခဲ့ပြန်တယ်လေ။
အဲဒီလိုနဲ့
ငါ့ကို ဆွဲယူသွားပြီး ရွာချပစ်တယ်
အိမ်ပြန်လာတဲ့ခြေထောက်တွေ
ငါ့ခန္ဓာကိုယ်နဲ့ မိတ်မဖွဲ့ ချိန်ပေါ့…..
မိုးကြယ်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment