တခါတခါ..
ကြားနေရတာက..
ခောတ်ဟောင်းထဲက..တေးသံများလား….
ဝိုးတိုးဝါးတားနဲ့ ပုံရိပ်ငယ်….
နှင်းငွေ့  ပျယ်ချိန်ကို…
မမှီလိုက်မှာစိုးတယ်….
အငိုက်မိစဉ်မို့
မဆို့ မပို့ သီဆိုခဲ့တဲ့…ရှိုက်သံ….
လှိုက်ဖိုစဲဒီမနက်ကတော့…
အရှက်သည်းနေစဲ…
ထဲထဲဝင်ဝင်လွမ်းလိုက်တာ….
နှစ်နှစ်ကာကာ..
အချစ်စာချခဲ့တာတွေ…
သြော်..နွေရေ…
ငွေချည်မျှင်တန်းလို့…
လန်းဆန်းချင်တယ်….
ရွှေပါးတော်နုသို့.. ယုယချင်တယ်…..
ကိုနေ(၁၅.၀၇.၂၀၀၈)
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment