Wednesday, August 20, 2008

တစ်နာရီစာ

နေ၀င်ရီတရော…
စောစောစီးစီး အိပ်တန်းဝင်တဲ့ ငှက်လိုပဲ
အသည်းအသန်ပြေးလွှားရင်းနဲ့
ညတညနိုးထလာခဲ့ပြီ….

မချစ်ပေမယ့်..ဟန်ဆောင်နမ်း
အဆောင်ဆောင်အခန်းခန်းနဲ့..
ဒီ နန်းဆောင်က…အတုကြီးတဲ့

အလှည့်ပေးပါအုံး
အမုန်းသီချင်းတွေကြီးဆိုနေတာ…
လာသာလာရတယ်….
(ဒီည) ခါလီရိုက်ရတော့မယ် ထင်တယ်….

ညကနာရီပိုင်းနဲ့ ဖျော်ဖြေ….
၄၅ မိနစ်စာ…သီချင်းတပုဒ်….
တလှုပ်လှုပ်ကဗျာရေးနေတုန်း….

မုန်းချင်လဲမုန်း….
ငါကတော့..မနှင်လို…
မင်းယူလာတဲ့…တထောင့်တည….
ဒီညတော့မလိုသေးဘူးတဲ့လေ….

ကိုနေ(၂၀.၀၈.၂၀၀၈)

No comments: