Saturday, August 16, 2008

VIP ဆိုသူများ

အပိုင်း(၁)

VIP ဆိုတဲ့အခန်းထဲကိုသွားဆိုလို့လာခဲ့ပါတယ်။ အခန်းရှေ့ရောက်လို့ တံခါးကိုဖွင့်လိုက်တာနဲ့ပဲ….
လူတွေများရှုပ်ရှက်ခက်နေတာပဲ။ အော်တဲ့သူကအော်၊ ငြီးတဲ့သူကငြီးနဲ့ ၊ အဖြူရောင်ဝတ်ဆရာဝန်တွေ၊ အပြာရောင်အနီရောင်ဝတ် သူနာပြူတွေနဲ့
ပွဲတော်ကြီးကျနေတာပဲ။

VIP ဆိုလို့ လူကြီးလူကောင်းတွေအတွက်အခန်းလားမှတ်တယ်။ ပြီးတော့ ကိုယ့်ကို VIP ဆိုတဲ့အခန်းထဲကိုသွားဆိုလို့ စိတ်ကြီးဝင်ပြီး ကိုယ့်ကိုယ်ကို လူကြီးလူကောင်းလို့တောင်သတ်မှတ်လို်က်သေးတယ်။ဘယ်လိုဖြစ်လို့ အရေးပေါ်လူနာခန်းဖြစ်နေရတာလဲ။

အဲဒါနဲ့ အခန်းထဲမ၀င်သေးပဲ သေခြာအောင် ဆိုင်းဘုတ်ပြန်ကြည့်လိုက်တော့။ VIP ဆိုတဲ့စာလုံးက ကျွန်တော့်ကို မျက်မှောင်ကြုတ်ပြီးပြန်ကြည့်နေသေးတယ်။ သူ့ကိုVIP ဆိုတာမယုံဘုးလားဆိုတဲ့သဘောနဲ့ပေါ့။
…………………..။။။။။……………….

‘မောင်ရင်အခန်းထဲမ၀င်ပဲဘာရပ်လုပ်နေတာလဲ။’
အနောက်ကအသံကြားလို့လှည့်ကြည့်တာ အ၀တ်အစားခပ်စုတ်စုတ်နဲ့ ပေပေရေရေလူကြီး တစ်ယောက်ဖြစ်နေတာပဲ။ ကြည့်ရတာ ဆေးရုံသန့်ရှင်းရေးဝန်ထမ်း
ထင်တယ်။
‘သြော်.. ကောင်တာကပြောလိုက်တာ VIP အခန်းသွားဆိုလို့။ ဒီရောက်တော့ အရေးပေါ်လူနာခန်းကြီးဖြစ်နေတယ်။ ‘
‘ဟုတ်ပါတယ် ဒါက VIP ခန်းပါ။ မမှားပါဘူး။’
‘အာ.. ကျွန်တော်သိတဲ့ VIP ဆိုတာက လေ။ လုကြီးလူကောင်းတွေ၊ အရေးကြီးတဲ့လူတွေကိုပြောတာမဟုတ်ဘူးလားဘယ်လိုဖြစ်လို့အရေးပေါ်လူနာဆောင်ကြီးဖြစ်နေရတာလဲ။’


‘သြော် ဒါငါတို့ဆီက လူနာတွေကို အရေးပေးလို့ VIP လို့တပ်ထားတာ။ Very Important Painent လေကွာ။’
ကျွန်တော် တော်တော်လေးအံ့သြသွားတယ်။ VIP ဆိုင်းဘုတ်ကြီးကိုကြည့်မိတော့ငါပါကွဆိုတဲ့ သဘောနဲ့ ကျွန်တော့်ကိုပြုံးပြုံးကြီးပြန်ကြည့်နေသေးတယ်။
သူကဆက်ပြောပါတယ်။
‘မင်းပြောတဲ့ VIP ဆိုတဲ့သူတွေ ရောဂါရပြီ၊ သေခါနီးပြီဆိုတာနဲ့ ငါတို့ဆီက VIPအလိုလျှောက်ကိုဖြစ်သွားကြတာပါပဲ။’
‘အေး VIP မဟုတ်ပဲနဲ့ VIP ဖြစ်နေရသူတွေလဲရှိတာပဲ။’
‘မင်းကောဘာလာလုပ်တာလဲ။’
‘မျက်နှာကိုခွဲစိတ်မလို့။ ဒါပေမဲ့မလုပ်ချင်တော့ဘူး။’
‘ဒါနဲ့ ခင်ဗျားက သန့်ရှင်းရေးဝန်ထမ်းဖြစ်ပြီး တော်တော်လေးသိနေပါလား။’
‘ဘာကွငါကဘာဖြစ်လို့ သန့်ရှင်းရေးဝန်ထမ်းဖြစ်ရမှာလဲ။ ဆေးရုံအုပ်ကြီးကွ။’
‘ဆေးရုံအုပ်ကြီး။’
‘ဟင်ခင်ဗျားကလဲ ဆေးရုံအုပ်ကြီးသာဆိုတယ် အ၀တ်အစားတွေကဘာလို့ဒီလောက်တောင်ပေရေနေရတာလဲ။’
‘သြော်ဒါလား ငါကလူနာတွေကိုအမြဲတမ်းခွဲစိတ်နေရတာဆိုတော့ အ၀တ်လဲဖို့တောင်အချိန်မရှိဘူးကွ။ သိတယ်မလား VIP ဘယ်လောက်များလဲဆိုတာ။’
‘ကဲသွားလိုက်ဦးမယ်ဗျာ။’
‘သွားသွား။ မင်းလဲနောင်တစ်ချိန် VIP ဖြစ်လာခဲ့ရင်ငါ့ဆီလာခဲ့။’

လှည့်ထွက်လာပြီးမှာတော့ VIP တွေရဲ့အသံတွေ နားထဲမှာပျံ့လွှင့်နေပါတယ်။
အား.. သေပါပြီ။ ဆရာဝန်ဘယ်မှာလဲ။ မေ့ဆေးပေးမှဖြင့်ပေးပါတော့။နာလှပါပြီ။……………

ဆက်ရန်ရှိသေးသည်။

မိုးကြယ်

2 comments:

Dream said...

VIP ဆိုလို့ဘာများလဲမှတ်တယ်။။very imporant person ကလက်စသတ်တော့ vip က very important patient ဖြစ်နေတာကို...ဒါလည်းမှန်တာပဲလေ..ဟားဟား

Chaos said...

အစ်ကို မိုးကြယ်
အတွေးလေးနဲ့ အရေးလေးကို သဘောကျတယ်
ဆက်ရန်လေးလုပ်ပါဦး
ဘာဆက်ဖြစ်သွားလဲလို့ မေ့ဆေး ပေးခံလိုက်ရလား
ဒါမှမဟုတ် ဒီတိုင်းပဲ ပြီးသွားလား
VIP တစ်ယောက်အနေနဲ့ နောက်ဆုံး ဘ၀ကို ချုပ်ငြိမ်းသွားလား ဆိုတာလေးတွေ တကယ်စိတ်ဝင်စားပါတယ်
ဆက်ရန်မျှော်နေမယ်