Saturday, August 16, 2008

ညတညလသာသာ

ဟိုတခါကပေါ့…
ညိုပြာညက်လေးနဲ့လေ…
ငွေရောင်ခင်းတဲ့…ညလေသင်းသင်းမှာ….

အရှင်းမပျောက်သေးတဲ့ ဒဏ်ရာ…
ခုတော့
ငရဲ ပြာတွေ တလှေကြီးနဲ့…

ဝိုင်းမနှဲ့  ကြပါနဲ့….
ငဲ့ကြည့်ပါဦး…..
ထူးမခြားနား…ပြဇာတ်အိုတပုဒ်ကို….

ထိုညက….
ငိုနေတဲ့..စုန်းအိုတကောင်
စိုရွှဲ နေတဲ့ နံရံပေါ် က အမုန်းကိုခိုးပြီး…
လမင်းကို ခုတ်ထစ်သွားတယ်လေ…..

ကိုနေ(၂၄.၀၇.၂၀၀၈)

1 comment:

Chaos said...

လသာတဲ့ ညတစ်ညမှာ
ဒဏ်ရာဟောင်းတွေ အသစ်ပြန်ပေါ်လာတယ်ထင်တယ်
ညမှာ သာနေတဲ့ လရဲ့ အပြစ်လား
ခံစားတတ်လွန်းတဲ့ နှလုံးသားရဲ့အပြစ်လား
အတိတ်ဆိုတာ တမ်းတလွန်းတဲ့ စိတ်ခံစားမှုရဲ့ အပြစ်လား