အမှန်တရားဆိုတာဘာလဲ
တစုံတခုကို ဖုံးကွယ်ဖို့ များလား…..
ဝါးတားတား နဲ့ အငှားမျက်စိ ကြည့်မိတယ်
ရှင်းလင်းစ…
ပြိုလဲစ တွေနဲ့….
ငိုကြွေးနေတဲ့ ကမ္ဘာ
ဒီကမ္ဘာမှာ
မေတ္တာမရှိဘူး
ကရုဏာမရှိဘူး…..
ဒီကမ္ဘာမှာ
မာယာတွေနဲ့မူးနေတယ်…
အစဉ်လာတွေနဲ့ရူးနေတယ်….
ဟိုမှာ
ကျောက်နံရံကိုဖက်ပြီး…
အချစ်ရူးကြီးကငိုနေတယ်…
မညိုပါနဲ့ မိုးရယ်…..
တကယ်တော့….
ပေါ့ဆမိတာကိုး…
အခုမှ ရှိကြီးခိုးနေလို့တော့..အပိုပဲ
အချစ်ဆိုတာ…ဇိမ်ခံပစ္စည်းတမျိုးထင်ပါရဲ့ ….
ရက်လွန်နေ့စွဲတောင်ပါလိုက်သေးတယ်
ဝမ်းနည်းမိပါတယ်…
ကမ္ဘာရယ်
ရှင်ပြန်ထမြောက်ဖို့ ရာ…
ကြိုးစားလိုက်အုံးမယ်…
ကိုနေ(၀၉.၀၉.၂၀၀၈)
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
6 days ago

ဤပုံကိုနှိပ်၍ သရဲနီတို့ပျော်စံရာသို့ လည်ပတ်နိုင်သည်


No comments:
Post a Comment