Thursday, November 6, 2008

ကောင်းကင်ဟစ်တမ်း




မိုးရွာလိုက်
နေပူလိုက်
တနေ့တနေ့
ရှူရှိုက်လိုက်ရတဲ့ လေတွေ….

ထွက်သွားလိုက်
ပြန်လာလိုက်
ငါ့နေ့ တွေလဲ အငိုက်မိနေတာ..
ကြာပြီ…

မိုးလင်းမိုးချုပ်…
တကုပ်ကုပ်နဲ့…
ရှုပ်လိုက်ရတဲ့..အလုပ်တွေ…
ဆောင်းရာသီတောင်ရောက်လာပြန်ပြီ…

အနားကမရ…
တားမြစ်နယ်မြေလဲဝင်လို့ဝင်
ကြောင်တောင်ကန်းနေတဲ့ ဒီကမ္ဘာ
သာချင်တဲ့ “လ” သာ..သာတော့ကွာ……

ကိုနေ(၀၄.၁၁.၀၈ ၀၀၁၁)

4 comments:

Dream said...

မိုက်တယ်ကွာ.. ကဗျာလေးက
တနေ့တနေ့ရူလိုက်ရတဲ့လေတွေ
တနေ့တနေ့ရူတ်လိုက်ရတဲ့အလုပ်တွေ

ကဗျာလေးကောင်းတယ်..
အဲဒီလူကြီး ပါးစပ်ဟနေတာ သနားပါတယ်
မညောင်းသေးဘူးလားမသိဘူး..
ဟိးဟိ.. ပါးစပ်ပိတ်ခိုင်းလိုက်ပါတော့။ :P :P

ကဗျာလေးတော်တော်ကောင်းတယ်

လင်းဦး(စိတ်ပညာ) said...

အနားကမရ…
တားမြစ်နယ်မြေလဲဝင်လို့ဝင်
ကြောင်တောင်ကန်းနေတဲ့ ဒီကမ္ဘာ
သာချင်တဲ့ “လ” သာ..သာတော့ကွာ……

ထိတယ်ဗျနော်.. ကောင်းတယ်.... သာချင်တဲ့ "လ" သာ သာတော့ကွာ။

Anonymous said...

တစ်ခါတစ်လေကျတော့လည်း ဖန်တီးခွင့်ဆိုတာ ပျောက်ဆုံးနေတတ်တာမျိုးဗျ ...
အားလုံးဟာ ပြဌာန်းပြီးသားလို ဖြစ်နေတယ် ..
ဘာပဲဖြစ်ဖြစ် ကျနော်တို့က ဖြတ်သန်းရမှာပါပဲဗျာ

Anonymous said...

ဟာ မိုက်တယ်ဟေ့။

သာချင်တဲ့ လ သာတော့တဲ့

တကယ့်ရုပ်ကို ပြလိုက်နိုင်တဲ့ ကဗျာပဲ၊ သူ့ကိုယ်ထည်ထဲ ၀င်ခံစားလို့ရလိုက်သလိုပဲ ညီရေ။ အတွေးတွေက အစဉ်အလာမပျက်ပါကလား ညီ ...။

ခင်မင်လေးစားစွာဖြင့်