Sunday, November 30, 2008

အောင်နိုင်သူ

အောင်နိုင်သူ

ခဏနေရင်ငါကြွေမယ်…

ခဏနေရင် ပြန်ပြီးဝေမယ်…..


ဒါဟာနိယာမတစ်ခုပေါ့….


မာယာများလား….

မသိနားမလည်လို့

လောကတန်ခိုးနဲ့

သင်ကြားမလို့ပါ….


စမ်းသပ်ကာလ

အစမ်းခန့် ကာလနဲ့

မိုးတွေ ဆောင်းတွေသာ

ပြောင်းနေတယ်….


လောင်းကစားပွဲ တစ်ခုထဲက

အံစာတုံး

ခုထက်ထိတော့

ပြုံးနေတုန်းပဲ….


ကိုနေ(၇.၁၁.၂၀၀၈)


3 comments:

Dr Phyo Wai Kyaw said...

ဒါလည်းကောင်းတာပဲ
ပုံတွေကို လည်းသဘောကျတယ်ဗျာ။

Anonymous said...

ကိုနေ ... ကစ်ချက်တွေ သိပ်ပြင်းနေတယ်
နည်းလမ်းကောင်းရှိရင် လက်တို့ဦးနော်
ကဗျာတွေ သိပ်ကောင်းနေလို့ ရယ်ပေါ့ ...။


ခင်မင်လေးစားစွာဖြင့်

ဇင်ယော် said...

ဒီကဗျာလေးကို အတော်ကြိုက်မိတယ်ဗျာ။ ခဏနေရင်ငါကြွေမယ်…
ခဏနေရင် ပြန်ပြီးဝေမယ်။ အဲဒီ နိယာမသဘောကို နားလည်အောင် ကြိုးစားပြီး အံစာတုံးလို ပြုံးနေဖို့  ခုထက်ထိတော့ ကြိုးစားနေရဆဲပါပဲဗျာ။