
လောကဥတုမှာ
လမ်းလျှောက်လူသား
သံယောဇဉ်အ၀တ်
ဗလာထီးတည်း
တစ်ခရီးတည်းသွားနေတယ်။
ထီးရွက်ကိုဖွင့်
ကိုယ့်လှေကိုထိုး
လောကမြစ်ရိုးမှာ
ဝဲဂယက်ကင်းဝေး
မုန်တိုင်းအေးပါစေ။
ကန္တာရသစ်ပင်
အထုပ်အပိုးပြင်လို့
အိုအေစစ်မှာသွားပွင့်မယ်တဲ့၊
ထနောင်းပန်းလေးရဲ့ရင်ခုန်သံ
စည်းချက်မှန်နေတယ်။
ခက်လှချေရဲ့
လေညှာရယ်
ခြွေရက်တဲ့အခါ
ပင်လုံးညွှတ်မျှဝတ်တွားခဲ့ပေါ့။
မနက်ဖြန်သဘက်
နေထွက်တဲ့အခါ
နှင်းဆီတောမှာ မြောရချေရဲ့။
အိပ်မက်သစ်ပင်
ကကြိုးစင်တော့
ပိုးချည်ညွတ်ကွင်း
သက်ဆင်းရပ။
နာရီဓါတ်စက်
အသက်ဓါတ်ရပ်တဲ့အခါ
အဟောင်းဆိုင်လေးမျှော်နေတယ်။
ကံ့ကော်ဝတ်ဆံ
သံယောဇဉ်လက်ကျန်လေးနဲ့
လှမ်းခေါ်တဲ့အခါ
ပြုံးပြပါနော်။
တစ်ကြိမ်မှားမိ အပြစ်ရှိရင်
အဖြစ်သနှစ် အသစ်မဖြစ်ချင်
အကျွန် ကျွနု်ပ် အိမ်တွင်းပုန်းလို့
ကုပ်ကုပ်လေးပဲနေပါ့မယ်။
ခက်လှချေပေါ့
ကဗျာရယ်
နှစ်ဆယ့်တစ်ရာစု အစောပိုင်းကို
ဆေးဆိုးပန်းရိုက် ခဲ့တယ်။
မိုးကြယ်
4 comments:
ကိုမိုးကြယ်ရေ
ကိုယ့်ဆရာဖွဲ့လိုက်ရင်တော့ အလန်းတွေချည်းဘဲ..
ခက်လှချေပေါ့
ကဗျာရယ်
နှစ်ဆယ့်တစ်ရာစု အစောပိုင်းကို
ဆေးဆိုးပန်းရိုက် ခဲ့တယ်။
အဲဒီ့အပိုဒ်လေးကို ပိုကြိုက်တယ်....
ဆက်လက်ချီတက်..။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
နောက်ဆုံးအပိုဒ်လေးအကြိုက်ဆုံးဗျာ...
ကျွန်တော်တို့အဆင်အသစ်တွေနဲ့
ဆက်စီးကြတာပေါ့ .......
ကဗျာ လာဖတ်ပါတယ်ဗျာ :)
ကျွန်တ်ာထည့်ထားတဲ့ Blog Link List မှာ ခင်ဗျား တို့
Link ကိုကလစ်ရင် error ပဲပြနေပါတယ် ။ (ဆိုးပေစွ)
ဆန်းသစ်လှချည့်လားကိုယ့်ညီရေ..ကောင်းလိုက်တဲ့ကဗျာလေး
Post a Comment