
ဖန်ပေါင်းချောင်အုပ်
ကောက်ညှင်းအရက်
ဆန်တစ်ခွက်နဲ့ဧည့်ခံပရစေ။
မိတ်ဆွေ
အပေါ်ရံအရေခွံကိုချွတ်လို့
စိတ်အတွင်းသားသန့်သန့်နှင့်
ဝင်ခဲ့ပါ။
ကမ္ဘာမြေလုံးဝန်းကြောင်း
မနက်ဖြန်ရဲ့အတိတ်တွေအကြောင်း
ဆေးလိပ်တိုရဲ့ အပျိုရည်ပျက်ညအကြောင်း
သံချေးတက် ပတ္တာတွေအကြောင်း
ခွေးငတ်နှင့်ဖိနပ်ပြတ်တို့အကြောင်း
နတ်ကတော်နှင့်သူ့အဖေါ်အကြောင်း
ပြီးတော့
ပြုံးမရတဲ့မျက်နှာ
အပူငွေ့ပျံ မျက်လုံးများနှင့်
လျှောက်မညောင်းတဲ့ ခြေထောက်တွေအကြောင်း
စကားလုံးဖောဖောတွေနှင့်
ရင်းနှီးရအောင်။
မိတ်ဆွေ
အကြွေးချပြီး
အကြွေးဆပ်ရဲ့လား။
လူဆိုတာ အကြွေးရှိမှ
လူပီသမပေါ့။
ပညာရှိစကားနဲ့
အသေအခြာကြည့်သွား
ကိုယ့်ကိုယ်ကိုကော
အတင်အချလုပ်ကြည့်လား။
မြစ်ဟာချောင်းလိုစီးတော့
ချောင်းဟာလည်းမြစ်လိုစီးနိုင်ရမပေါ့။
လောကလူသား
ထွာဆိုင်သာလက်ဖ၀ါးနှင့်လည်း
ကိုယ့်ပုံကိုယ်ဖော်နိုင်ရမပေါ့။
အာရုံငါးပါး
ခန္ဓာအကြားမှာ
စီးဆင်းပါစေ။
ဗီတာမင်စား
ဥာဏ်ရည် ဥာဏ်သွားအလင်းရောင်
ထွန်းပြောင်ပါစေ။
နိုးတစ်ဝက် အိပ်ပျက်
ဖျားနာညများကင်းဝေးပါစေ။
ကြင်သူ့လက်တွဲ
ပေတစ်ရာခရီး နီးပါစေသား။
နေမှု၊ သေမှု
မှတ်တမ်းပြု ကမ္ဘာမြေ
ကျမ်းမာစေကြောင်း
လန်းဖျာစေကြောင်း
သင်တို့
ကျွနု်ပ်တို့ တိုစ့် လုပ်ရအောင်။
5 comments:
လာထားဗျာ....
ချီးယားစ် .....
လွှတ်ကောင်းဗျို့ ...............
လာမယ်ဗျာ...
စိတ်ချ....
ကောင်းတယ် ကြိုက်တယ်..။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ဟေ့ ..!! ငါ နှစ်ပုလင်းပေးမယ် ပြောထားပြီးသား
မောင်လေးရေ...
တောင်းတဲ့ဆုတွေသာ ပြည့်ဝခွင့်ရမယ်ဆိုရင်...
တောင်း...ပစ်လိုက်ချင်တယ်...
ဆုတွေ.
ဆုတွေ....
........
နံပါတ်စဉ်တွေထိုးပြီး....
ကြင်သူ.လက်ဆွဲ နေ၀င်ချိန်ခရီး နီးပါစေ အဲ မှားလို.
အပေါ်ရံအရေခွံကိုချွတ်လို့ စိတ်အတွင်းသားသန့်သန့်နှင့် ၀င်လာခဲ့မယ် မိုးကြယ်ရေ... ကောက်ညှင်းအရက်တော့ စစ်ပါစေ...အမြည်းကတော့ အူကြောင်ကြားလောက်ဆို ဖြစ်ပါတယ်လေ... :)
Post a Comment